Celebrities

တစ်ချိန်မှာအိမ်ထောင်ဦးစီးပီသစေဖို့ ဈေးဝယ်တတ်အောင်လည်းကြိုးစားနေတဲ့ ပိုင်တံခွန်

မော်ဒယ်လ်၊သရုပ်ဆောင်ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက နိုင်ငံရပ်ခြားတွေအထိနာမည်ကျော်သူတစ်ယောက်ပါ။ အရပ်မြင့်မြင့်အမိုက်စားဘော်ဒီနဲ့ ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် ဒီတစ်နှစ်အတွက် Most 100 Handsome Faces 2020 မှာလည်း ကမ္ဘာကျော်အနုပညာရှင်တွေနဲ့အတူ ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မျှဝေလေ့ရှိသူပါ။ ဒီနေ့မှာတော့ Shopping Center ကိုဈေးဝယ်ထွက်ခဲ့တဲ့ပုံရိပ်တွေနဲ့အတူ “တစ်ချိန်အိမ်ထောင်ဦးစီးလုပ်ရမှာဆိုတော့ အခုတည်းက ဝယ်တတ် ခြမ်းတတ်အောင် လုပ်ထားမှ” ဆိုပြီးတော့ ရေးသားထားတာပါ။ သူ့ရဲ့ ဈေးဝယ်ထွက်တဲ့ပုံရိပ်တွေမှာတော့ နာမည်ကြီးအမှတ်တံဆပ်ရဲ့ဖိနပ်အိတ်တွေအများကြီးကို ကိုင်ထားတာပါ။

ပိုင်တံခွန်ကတော့ မဒီလေးတွေရဲ့အသည်းကျော်မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးအရည်အချင်းတွေပြည့်ဝအောင်ကြိုးစားနေတယ်ဆိုတဲ့သူ့ရဲ့အရွှန်းဖောက်ရေးသားထားတဲ့ပိုစ့်အောက်မှာတော့ ပရိသတ်တွေကအမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပြန်ပါတယ်။
Source : PaingTakhon

#credit