Celebrities

အင်အားကြီးပါတီရဲ့အထက်မှာ မဲအရေတွက်သာနေလို့ ဖခင်ဖြစ်သူအတွက် ဂုဏ်ယူတယ်ဆိုတဲ့ မိုးယံဇွန်

သရုပ်ဆောင် မိုးယံဇွန်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ဇေယျက ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခဲ့တာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါနော် ။မကြာသေးမီကတော့ ဖခင်ဖြစ်သူကို အားပေးစကားဆိုခဲ့တဲ့ သရုပ်ဆောင်မိုးယံဇွန်ဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရပါသေးတယ် ။

မနေ့ကတော့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကိုကျေပွန်စွာ မဲပေးခဲ့ပြီး အာဆီယံမှာအဆင်းရဲဆုံးဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်မယ့် အစိုးရကို လိုချင်ပါတယ်လို့ မိုးယံဇွန်က သူ့ရဲ့ ဆန္ဒတွေကို လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားမျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ ကိုယ့်ဆန္ဒမဲ ၃မဲမှာ ၂မဲ နိုင်နေပီး ၁မဲ ရှုံးဖို့အနေအထားဖြစ်နေပြီ ဘာဖြစ်ဖြစ် အင်အားကြီးပါတီတခုရဲ့အထက်မှာမဲ အရေအတွက် အသာနဲ့ရှိနေလို့ အဖေ့ အတွက် အမြဲဂုဏ်ယူပါတယ် လို့ ရေးသားဖော်ပြလာခဲ့ပါတယ် ။

မိုးယံဇွန်ရဲ့ ပရိသတ်တွေကတော့ မိုးယံဇွန်ရဲ့ဖခင်အတွက် ဂုဏ်ယူကြောင်းတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ မိုးယံဇွန်ကတော့ ကိုယ့်အဖေကိုယ် အားပေးတာ ဘယ်သူကိုမှ ဝေဖန်ပုတ်ခတ်နေတာ မဟုတ်ဘူးဆိုတဲ့ သူ့ရဲ့စကားအတိုင်း ဖခင်ဖြစ်သူကို ဆက်လက်ဝန်းရံအားပေးလျက်ရှိပါတယ် ပရိသတ်ကြီးရေ ..။

Source : Moe Yann Zune
Emily (Cele Gabar)

#Credit