Dhamma

စံကင်း ဆရာတော်ဘုရားကြီး၏ ကပ်ဆိုးဘေးဆိုးတွေကို ပယ်ဖျောက်စေတဲ့ဂါထာတော်ကြီး

စံကင်း ဆရာတော်ကြီးဟာ ဒီပါဠိတော်ကြီးနဲ့ သူတို့မြို့မှာဖြစ်တဲ့ ကပ်ဆိုးဘေးကြီးတွေကို ပယ်ဖျောက်စေခဲ့တယ်။တစ်ခါတော့ ရောဂါဘေးကြီးတွေ ကျရောက်လာလို့ လူတွေတအားသေကြတယ်။ ပရိတ်ရွတ်တာတောင် တော်တော်နဲ့မနိုင်ဘူးဖြစ်နေတယ်။

ဒါ့ကြောင့် စံကင်း ဆရာတော်က အဋ္ဌာနမေတံပါဠိကိုပါထည့်ပြီး သံဃာတော်များကို ရွတ်စေတယ်”“အဋ္ဌာနမေတံပါဠိတော်ကြီးကိုရွတ်မှပဲ သေခါနီးလူနာတွေဟာ ရောဂါတွေပျောက်ကင်းပြီး အသက်ချမ်းသာရာပြန်ရသွားကြတယ်။ ကပ်ရောဂါ ဘေးကြီးလည်းပျောက်ကင်းသွားတယ်။


ကျောက်တိုင်ကြီး တစ်တိုင်စိုက်ပြီး ဒီပါဠိတော်လေးပုဒ်ကို ရေးထားတယ်။နေ့တိုင်းမရွတ်ဖြစ်တောင် ကျောက်တိုင်ရှိရာ ရောက်လာလို့ တစ်နေ့တစ်ခါရွတ်လည်း အကျိုးမနည်းဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောက်တိုင်ကြီးကို စိုက်ခဲ့တာပါ”

စံကင်းဆရာတော်၏ သက်ရှည်ကျန်းမာ လေးဂါထာ

ကျောက်စာရဲ့ပထမမျက်နှာက –

ပါဠိ-အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန ဘိက္ခဝေ တထာဂထာပရိနိဗ္ဗာယန္တိ ဧတေန သစ္စဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

(မြန်မာ)။ ။ ရဟန်းတို့ သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိန္ဒေမြှချခြင်းမည်သည် မဖြစ်နိုင် (လုပ်ကြံသတ်ဖြတ်၍ ရခြင်းဟူသည် မဖြစ်နိုင်ဟုဆိုလို)

“ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန် ဝင်စံကြကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့်ငါ့အား အမြဲတမ်း ကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ” တဲ့။

ဒုတိယမျက်နှာက –

ပါဠိ- ဒိဝါတပတိ အာဒိစ္စော ရတ္တိမာဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ ဈာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗမဟောရတ္တိ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္ပန္နံ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာနုဘာဝေန သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

(မြန်မာ)။ ။ “နေမင်းသည် နေ့အခါ၌သာလျှင် တင့်တယ်၏။ လမင်းသည် ညအခါ၌သာလျှင် တင့်တယ်၏။ ပြည့်ရှင်မင်းသည်မင်းမြောက် တန်ဆာဆင်ယင်သောအခါ၌သာလျှင် တင့်တယ်၏။ ရဟန္တာပုဂ္ဂိုလ်သည် ဈာန်သမာပတ် ဝင်စားသော အခါ၌သာလျှင် တင့်တယ် သပ္ပါယ်၏။ ဘုရားရှင်သည် သီလ သမာဓိ ပညာ ပုည ဓမ္မဟူသော

တရားငါးမျိုးတို့ဖြင့် နေ့ရော ညပါ အမြဲတန်းတင့်တယ်၏။ ထိုသို့ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

ဤသို့ ရှိခိုးရသော တန်ခိုးတဇော်အာနုဘော်ကြောင့် အကြံစည်မှန်သမျှ အလုံးစုံ ပြည့်ဝရပါလို၏” တဲ့

တတိယမျက်နှာက –

(ပါဠိ) နမော တေ ပုရိသာဇည နမော တေ ပုရိသုတ္တမ။ နမော တေ တိဏ္ဏသံသာရ နမော တေ အမတံ ဒဒ။

(မြန်မာ)။ ။ အာဇာနည်ယောကျ်ားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ မြင့်မြတ်သောယောက်ျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

သတ္တဝါတို့ကို သံသရာမှ ကူးမြောက်ကယ်တင်တတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏။ မသေရာနိဗ္ဗာန်ကို ပေးတော်မူတတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏-တဲ့။

စတုတ္ထမျက်နှာက –

ပါဠိ- ယေစ ဗုဒ္ဓါ အတီတာ စ ယေစ ဗုဒ္ဓါ အနာဂတာ။ ပစ္စုပ္ပန္နာ စ ယေဗုဒ္ဓါ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

(မြန်မာ)။ ။ ပွင့်တော်မူပြီးသမျှသော ဘုရားရှင်အားလုံးတို့အားလည်းကောင်း ပွင့်တော်မူလတ္တံ့သော ဘုရားရှင် အားလုံးတို့အား လည်းကောင်း ပွင့်တော်မူဆဲဘုရားရှင်အားလုံးတို့အား လည်းကောင်း တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏ တဲ့”

#credit