Celebrities

“ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” အတွက် အနယ်နယ်အရပ်ရပ်ကပံ့ပိုးကူညီသူတွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ခရစ္စတီနာခီ

ရွေးကောက်ပွဲအတွက် မဲပေးခြင်းပြီးဆုံးသွားပေမယ့်လည်း အနုပညာရှင်တွေကတော့ သူတို့ယုံကြည်ရာပါတီအတွက် ကြိုးပမ်းမှုတွေ ပြုလုပ်နေဆဲပါ ။ ရုပ်ရှင်ကားတစ်ကားထဲနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်နေရာ ယူနိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီနာခီကလည်း “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆိုတဲ့ သူမရဲ့ Page လေးကနေတဆင့် NLD အတွက်ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ၊

ခရစ္စတီနာခီ က သူမ တို့ရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” page အတွက် ရိုက်ကူး၊တည်းဖြတ်၊ ပံ့ပိုးပေးခဲ့သူများနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒီဓါတ်ပုံထဲမှာ editor တယောက်နဲ့ကားဆရာ ၄ယောက်တော့မပါဝင်ဘူးလို့လည်းရေးသားဖော်ပြထားပါသေးတယ် ။ အနယ်နယ်အရပ်ရပ်မှာရိုက်ကူးရေးအဆင်ပြေဖို့ပံ့ပိုးပေးခဲ့သူများအားလုံးကိုလည်းကျေးဇူးတင်စကားဆိုခဲ့ပြီး ရိုက်ကူးရေးအတွက် သူမ အလုပ်များနေချိန်မှာ နိုဝါလေးကိုထိန်းပေးတဲ့ ညီမအယ်ဘူစေးနဲ့ ကယားမှာသားသားလေးနဲ့အဖော်နေပေးတဲ့မောင်လေးဝေယံတို့ကိုလည်းကျေးဇူးအထူးတင်ပါတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။

ပရိသတ်တွေကတော့ NLD အောင်နိုင်ရေး အတွက် အများကြီး အထောက်အကူပြုတဲ့ ဒီအစီအစဉ်လေးကို အရမ်းသဘောကျကြောင်း ရေးသားမှတ်ချက်ပေးခဲ့ကြပါတယ် ။ ပရိသတ်ကြီးကလည်း ဒါရိုက်တာ ခရစ္စတီနာခီရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆိုတဲ့ Page လေးက တင်ဆက်မှုတွေကို အားပေးကြပါဦးနော် ။

unicode

Source : Christina Kyi
credit ..Emily (Cele Gabar)