Lifestyle

NLD ပါတီတံဆိပ်ပါ ကားအလှဆင်ပြိုင်ပွဲကို မန္တလေးမှာကျင်းပဖို့ စီစဉ်ထား….

ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်းကျပ်နဲ့တတိယဆု ၃ သိန်းကျပ် သတ်မှတ်ထားသလို အထူးနှစ်သိမ့်ဆု ၂၀ ဆုလည် းပါဝင်မှာဖြစ်ပါတယ်။ NLD ပါတီ

ရွေးကောက်ပွဲအောင်နိုင်ရေ းအတွက် ရည်ညွှန်းတဲ့ NLD ပါတီအမှတ် တံဆိပ်ပါ ကားစတစ်ကာ အလှဆင်ပြိုင်ပွဲကြီးကို မန္တလေးမြို့မှာတော့ လာမယ့်အောက်တိုဘာလ ၁

ရက်နေ့မှ ာကျင်းပသွားမှာဖြစ်တယ်လို့ ဒီပွဲစီစဉ်တဲ့ We Love Mandalay အဖွဲ့ဆီကနေသိရပါတယ်။

မန္တလေးကျောက်ဝိုင်းက NLD ပါတီအားပေးထောက်ခံကြတဲ့ ကျောက်စိမ်း ညီအစ်ကိုတွေပူးပေါင်းမှုနဲ့ ကျင်းပသွားမှာ ပဲဖြစ်ပြီး အဓိကကတော့ NLD ပါတီ

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ပဲ ဖြစ်တယ်လို့ We Love Mandalay အဖွဲ့မှ ဦးကျော်ဇောအောင် ကပြောပါတယ်။ ကျောက်ဝိုင်းက ကျောက်စိမ်း ညီ အစ်ကိုတွေ

စုပေါင်းပြီးလုပ်ကြတာပါ၊

အန်အယ်လ်ဒီ ကိုချစ်ကြတဲ့ ကျွန်တော်တို့ကျောက်စိမ် းညီအစ်ကိုတွေက အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက်ရည်ရွယ် လုပ်ကြတာပါ၊

တိုင်းဒေသကြီးအစိုးရဆီတင်ပြပြီး လုပ်ကြတာပါ လို့၎င်းကပြောပါတယ်။

ပြိုင်ပွဲကို မန္တလေးခရိုင် အတွင်းက ဘယ်လိုအိမ်စီးကားတွေမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပြီး စည်းကမ် းသတ်မှတ်ချက်တွေ အနေနဲ့ကတော့ ကညန ယာဉ်လိုင်စင်နဲ့

ယာဉ်မောင်းလိုင်စင်ရှိထားတဲ့ ဘယ်ဒေသ မှတ်ပုံတင်ယာဉ်မဆိုဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း၊ ယှဉ်ပြိုင်မယ့်ကားတွေမှာ NLD ပါတီအမှတ်တံဆိပ်စတစ်ကာတွေ

အလှဆင်ထားသလို ယာဉ်မောင်းသူနဲ့ယာဉ်ပေါ်လိုက်ပါခွင့်ပြုထားသူတစ်ဦးတို့ကိုယ်တိုင်လည်း NLD ပါတီ အောင်နိုင်ရေး

တံဆိပ် အမှတ်အသားပါ ဝတ်စုံတွေဝတ်ထားရမှာဖြစ်ကြောင်း၊ အထူးသဖြင့် ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလမို့လို့ ပြိုင်ပွဲ ကျင်းပတဲ့နေ့မှာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို မဖြစ်မနေ လိုက်နာကြဖို့လိုကြောင်း ပွဲ စီစဉ်သူတွေက အသိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာတွေကို မန္တလေးမဟာအောင်မြ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း(အနောက်ပေါက်)နဲ့ လမ်း ၆၀ ကားရောင်းဝယ်ရေးစ ခန်းတို့မှာ စက်တင်ဘာလကုန်ပိုင်းအထိအခမဲ့ထုတ်ပေးနေပြီး ပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့မှာ မန္တလေးမြို့ ၂၆ ဘီလမ်း၊ ကျုံးတောင်ဘက်ခြမ်း မှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြိုင်ပွဲမှာ ဆုကြေးငွေတွေလည်းချီးမြှင့်ပေးမှာဖြစ်ပြီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်းကျပ်နဲ့တတိယဆု ၃ သိန်းကျပ်သတ်မှတ်ထားသလို အထူးနှစ်သိမ့်ဆု ၂၀ ဆုလည်းပါဝင်မှာဖြစ်တယ်လို့ We Love Mandalay အဖွဲ့ကြေညာထားပါတယ်။