Celebrities

World Tourism Day အထိမ်းအမှတ်အဖြစ် သူမရဲ့ခရီးသွားမှတ်တမ်း ဗီဒီယိုလေးကိုမျှဝေခဲ့တဲ့နေခြည်ဦး

ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ (၂၇) ရက်နေ့ကတော့ World Tourism Day နေ့ရက်လေးပဲဖြစ်ပါတယ်နော် ။ ဆယ်ကျော်သက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် Idol တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ World Tourism Day အမှတ်တရလေးအနေနဲ့ သူမရဲ့ ခရီးသွားမှတ်တမ်းတွေကို ဗီဒီယိုလေးအဖြစ် ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။

အခု Covid ကာလမှာ ခရီးထွက်လို့မရပေမယ့် အရင်က သွားခဲ့တဲ့ memory လှလှလေးတွေကို Recall ခေါ်ပြီး 2020 အတွက် World Tourism Day လေးကို ဂုဏ်ပြတဲ့အနေနဲ့ မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ 2020 အတွက် World Tourism Day ရဲ့ Theme လေးကတော့ “Tourism and Rural Development” တဲ့။ ခရီးသွားလုပ်ငန်းဟာ ကျေးလက်ဒေသတွေကိုပါ ဖွံဖြိုးတိုးတက်စေတဲ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ သဘာဝအမွေအနှစ်၊ယဉ်ကျေးမှုအမွေအနစ်တွေကိုပါ ထိန်းသိမ်းစောင့်ရှောက်ပေးရာရောက်တယ်ဆိုတဲ့ Theme လေး ဖြစ်တယ်လို့လည်းနေခြည်က ပရိသတ်တွေ ဗဟုသုတရစေဖို့ Sharing လုပ်ပေးထားပါသေးတယ် ။

နေခြည်ကိုယ်တိုင်လည်း ခရီးသွားရတာ အရမ်းကြိုက်ပြီး ခရီးသွားလုပ်ငန်းက နိုင်ငံတစ်နိုင်ငံရဲ့ လှုမှုရေး၊စီးပွားရေး၊ နိုင်ငံရေး နဲ့ ယဉ်ကျေးမှု ဒါတွေအကုန်လုံးကို မြှင့်တင်ပေးနိုင်တယ်လို့ ထင်တဲ့အတွက် ဒီ Crisis ကြီးပြီးရင်တော့မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို တတ်စွမ်းသမျှ ပါဝင်အားဖြည့်ပေးဖို့တွေးထားတယ်လို့လည်း သူမရဲ့ဆန္ဒလေးကို ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ် ။ ဒီနေ့ Word Tourism Day လေးကိုတော့ အရင်ကေ နခြည့်ရဲ့ Old Travel and Tour Diary လေးကို ပြန်လည်မျှဝေပေး ရင်း ဂုဏ်ပြုလိုက်ပါတယ်နော်။

#credit