Celebrities

မန္တလာမြေရဲ့အငွေ့သက်တွေ တဝကြီးခံစားရမယ့် G-fatt ရဲ့အဝေးပြေးလမ်းမကြီး သီချင်း Music Video

ပရိသတ်ကြီးရေ လူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် G fatt ကတော့ သူ့ရဲ့အမိုက်စား Rap စာသားတွေကြောင့် လူငယ်ပရိသတ်တွေကြားမှာ လူကြိုက်များနေတဲ့အနုပညာရှင်အဆိုတော်တစ်ယောက်ပါ ။ ပရိသတ်တွေအတွက် သူ့ရဲ့အနုပညာတွေကိုချပြဖို့ အမြဲကြိုးစားနေတဲ့ G-fatt ကတော့ လတ်တလောမှာတော့ သူ့ရဲ့ အဝေးပြေးလမ်းမကြီးဆိုတဲ့ music video လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ဒီ အဝေးပြေးလမ်းမကြီး ဆိုတဲ့သီချင်းလေးကတော့ music video မထွက်ခင်ထဲက ပရိသတ်တွေအကြိုက်တွေ့နေကြတဲ့ သီချင်းလေးဖြစ်ပြီး LDRS ဖြစ်နေတဲ့ ရန်ကုန် မန္တလေးက စုံတွဲတွေအတွက်တော့ လုံး၀ ခံစားရမယ့်သီချင်းလေးတစ်ပုဒ်လို့ဆိုရမှာပါ ။ ဒီသီချင်းလေးကို ဒါရိုက်တာ ဖြိုးက ရိုက်ကူးပေးထားပြီး G-fatt ၊ မြတ်နိုးပွင့် ၊ ဉာဏ်လင်းနိုင် ၊ စိုင်းလန်း နဲ့သူငယ်ချင်းတွေက ပါဝင်ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ။

ပထမ mp-3 version ထက် အခု version လေးက စောင်းလေးတီးခတ်သီဆိုထားတဲ့အတွက် ငြိမ့်ငြိမ့်လေးနဲ့ ပိုပြီးနားထောင်လို့ကောင်းတာကိုတော့ ပရိသတ်တွေလည်း ခံစားမိမှာပါနော် ။ G-fatt ကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း အဝေးပြေးလမ်းမ သီချင်း music video လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

#credit