Celebrities

လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့သီချင်းနှစ်ပုဒ်နဲ့ အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ တွမ်ပီး

မြန်မာနိုင်ငံရဲ့ပရိသတ်အားပေးဆုံး သီချင်းဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season-3 Blind Audition Week ကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ Blind Audition ပြိုင်ပွဲကို ခြောက်ပတ်တိတိ ထုတ်လွှင့်ပြသခဲ့ပြီးနောက်မှာ ပရိသတ်အားပေးတဲ့ပြိုင်ပွဲဝင်တွေအသီးသီးပေါ်ထွက်လာခဲ့ပြီး မနေ့ကပြသခဲ့တဲ့ နောက်ဆုံးအပတ်မှာ ပေါ်ထွက်လာခဲ့တဲ့ ရွက်ပုန်းသီးအဆိုရှင်ကတော့ တွမ်ပီးပါ။

တွမ်ပီးကတော့ အပြင်းစား Metal သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Run Free” သီချင်းနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒီလိုသီချင်းမျိုးနဲ့ ရင်းနှီးကျွမ်းဝင်မှုနည်းတဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ရုံမက ဒိုင်တွေအားလုံးရဲ့လှည့်ကြည့်ခြင်းကိုပါ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်တွေရဲ့တောင်းဆိုမှုကြောင့် “အပြာရောင်အချစ်ည” သီချင်းကိုပါ ထပ်မံ သီဆိုဖျော်ဖြေခဲ့တဲ့တွမ်ပီးကိုတော့ ဒိုင်ဖြစ်သူကျားပေါက်က အစွန်းနှစ်ဖက်ကိုကြိုက်တတ်သူအဖြစ် မှတ်ချက်ပေးခဲ့ပါတယ်။

တွမ်ပီးကတော့ တကယ်ကိုပဲ အကြမ်းစားသီချင်းတွေကိုလည်း သီဆိုနိုင်သလို အချစ်သီချင်းအေးအေးလေးတွေနဲ့လည်း လိုက်ဖက်လွန်းတာကြောင့် ဒိုင်တွေသာမက ပရိသတ်အားလုံးရဲ့ချစ်ခြင်းကိုပါ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ Coach အနေနဲ့တော့ ကျားပေါက်ကို ရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ… လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ သီချင်းနှစ်ပုဒ်စလုံးကို ပိုင်ပိုင်နိုင်နိုင် သီဆိုဖျော်ဖြေခဲ့တဲ့ တွမ်ပီးရဲ့ယှဉ်ပြိုင်မှုကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

#Credit