Celebrities

ပဌာန်းတွဲကျမ်းတွေကို ဓမ္မဒါနအလှူအဖြစ် (၄၇)သိန်းဖိုး လှူဒါန်းခဲ့တဲ့စမိုင်းလ်တို့ဇနီးမောင်နှံ

မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ ကိုဗစ်ကာလမှာတောင် အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်နေပါတယ် ပရိသတ်ကြီးရေ ..။ မကြာသေးမီကမှ ကိုဗစ်အလှူအဖြစ် အောက်စီဂျင်စက်တွေ လှူဒါန်းခဲ့ပြီး အခုလက်ရှိမှာလည်း နောက်ထပ်အလှူတစ်ခုကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ဓမ္မအလှူဒါန အဖြစ် ပဌာန်းတွဲကျမ်း- ၅အုပ်တွဲ အစုံ ၂၀၀ ကို ၄၇သိန်းဖိုး လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ် ။ စာအုပ်တွေရဲ့တန်ဖိုးမြင့်လို့ အလကားပေးလို့ ယူတာမျိုးမဟုတ်ဘဲ တကယ်ကိုပူဇော်ချင်တဲ့ သူတွေကိုပဲရွေးပြီး ဓမ္မဒါနပြုလုပ်သွားမှာဖြစ်ပါတယ်လို့လည်း စမိုင်းလ်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုအ သိပေးခဲ့ပါတယ် ။

စမိုင်းလ်တို့ဇနီးမောင်နှံကတော့ အလှူရေစက်နဲ့လက်နဲ့မကွာဆိုသလို အလှူဒါနအမျိုးမျိုးကို ပြုလုပ်နေတာဖြစ်လို့ ပရိသတ်တွေကတော့ အရမ်းကိုလေးစားချစ်ခင်နေကြတာပါ ။ စမိုင်းလ်ကလည်း သူမရဲ့အလှူလေးနဲ့အတူ မြန်မာပြည်ကြီးကပ်ဘေးဆိုးမှအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။

#credit