Celebrities

ကိုဗစ်ကာလအလုပ်မရှိသူတွေကို အလုပ်ပေးတဲ့အနေနဲ့ ဆောက်ထားတဲ့အိမ်လေးပြီးသွားပြီဖြစ်ကြောင်း မျှဝေလာတဲ့ သိင်္ဂီထွန်း

မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ရိုက်ခတ်မှုကတော့ တကယ်ကို ကြောက်စရာပါပဲ ပရိသတ်ကြီးရေ.. ကမ္ဘာကြီးရဲ့လည်ပတ်မှုယန္တရားရပ်တန့်ခဲ့သလို ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသူတွေလည်း ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် စတင်ဖြစ်ပွားကတည်းက အလုပ်တချို့ရပ်ခဲ့တာကြောင့် အောက်ခြေလူတန်းစားတချို့လည်း တော်တော်လေးဒုက္ခရောက်ခဲ့ကြပါတယ်။

အခုလိုအခြေအနေမျိုးမှာ အခြေခံလူတန်းစားတွေအတွက် အစိုးရထောက်ပံ့ကူညီမှုတွေသာမက ငွေကြေးတတ်နိုင်သူတွေကလည်း လှူဒါန်းပေးကာ ကိုဗစ်ကာလကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ ပရိသတ်အချစ်တော်သရုပ်ဆောင်သိင်္ဂီထွန်းကတော့ ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်နေသူတချို့ကို ဝင်ငွေရရှိစေဖို့ အလုပ်ပေးတဲ့အနေနဲ့ အိမ်လေးတစ်လုံးဆောက်ခိုင်းခဲ့တဲ့အကြောင်း မျှဝေလာပါတယ်။ ဒီအိမ်လေးကိုတော့ မေမြို့မှာဆောက်ထားတာဖြစ်ပြီး ကိုဗစ်ပထမလှိုင်းမှာကတည်းက အလုပ်မရှိလို့ စားဝတ်နေရေးခက်ခဲနေကြသူတွေကို အလုပ်ပေးတဲ့အနေနဲ့ ဒီအိမ်လေးကို ဆောက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ကတော့ ဒီအိမ်လေးပြီးသွားပြီဖြစ်ကြောင်း သရုပ်ဆောင်သိင်္ဂီထွန်းကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ မေမြို့လိုနေရာမျိုးမှာ နေချင်စဖွယ် တစ်ထပ်ဘန်ဂလိုလေးနဲ့ ရိုက်ကူးထားတဲ့သိင်္ဂီထွန်းရဲ့ဓာတ်ပုံလေးတွေကိုတော့ မြင်သူတိုင်းအားကျနေရသလို အလုပ်မရှိသူတွေအတွက် စဉ်းစားပြီး အလုပ်ပေးထားခဲ့တဲ့ သူ့ရဲ့အိုင်ဒီယာလေးကိုလည်း ပရိသတ်တွေက သဘောကျလို့နေပါတယ်။

Source – Theingi Tun
Rainbow- Cele Gabar

#credit