ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ညီနန္ဒကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးလေးအနေနဲ့ ညီနန္ဒထောပတ်ထမင်းလေးကို ရောင်းချနေခဲ့ပါတယ်။ ညီနန္ဒကတော့ လတ်တလောမှာ Covid ရောဂါပိုး ကုသရေးဆေးရုံတွေနဲ့ Q စင်တာတွေမှာ ထောပတ်ထမင်းလှူဒါန်းဖို့အတွက် မတည်ပြီးဆောင်ရွက်ခဲ့ပါတယ်။
စေတနာမှန်လွန်းလှတာကြောင့် ညီနန္ဒနဲ့အတူပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေများစွာရှိနေခဲ့ပြီး ပွဲရေ (၃၀၀၀) ကျော်လှူဒါန်းဖို့လက်ခံရရှိထားခဲ့ပြီး ပြီးခဲ့တဲ့ (၁၄)ရက်နေ့ကနေစလို့ ညီနန္ဒက ကိုယ်တိုင်လိုက်လံလှူဒါန်းပေးနေခဲ့ပါတယ်။ ဒီနေ့မှာတော့ ညီနန္ဒက ဖောင်ကြီး Q စင်တာမှာ ဆေးကုသနေတဲ့ ဝေဒနာရှင်တွေ၊ကုသပေးနေတဲ့ ဆရာဝန်၊ ဆရာမတွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်း ပွဲ (၄၅၀)ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
အခုလို အလှူလေးကိုလည်း မတည်ပြီး လှူဒါန်းမှုတွေမှာ လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်လံလှူဒါန်းပေးနေတဲ့ ညီနန္ဒရဲ့ စိတ်ဓာတ်လေးကတော့ လေးစားဖွယ်စိတ်ဓာတ်လေးပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ညီနန္ဒနဲ့ စေတနာရှင်တွေစုပေါင်းလှူဒါန်းတဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
ဖောင်ကြီး Q Center ကို ကျွန်တော်နဲ့ကျွန်တော့အလှူရှင်များ လှူဒါန်းထားတဲ့ "'ကိုနန္ဒထောပတ်ထမင်း"' ပွဲ ၄၅၀ နဲ့ Mask ၁၀ဗူး သွားလှူနေတာပါ ခင်ဗျာ…
Posted by Nyi Nanda on Friday, 25 September 2020
#credit