Celebrities

ဧရာဝတီစင်တာအတွက် အလှူငွေ ကျပ်သိန်း (၃၀) လှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ

အလှူအတန်းဆိုလက်မနှေးတတ်တဲ့ ဦးတီနဲ့ တီဝဲတို့ဇနီးမောင်နှံနှစ်ယောက် Covid ကာလအတွက် တည်ဆောက်ထားတဲ့ ဧရာဝတီစင်တာ အတွက် အလှူငွေသိန်း (၂၀) လှူဒါန်းခဲ့ပြီး ပြေတီဦးဖောင်ဒေးရှင်းကနေလည်း ထပ်မံပြီး အလှူငွေ (၁၀) သိန်း လှူဒါန်းခဲ့ပါသေးတယ်။ လိုအပ်တဲ့နေရာတွေအတွက်ဆို လက်မနှေးဘဲ လှူဒါန်းတတ်တဲ့ စိတ်ထားလေးက လေးစားစရာကောင်းပါတယ်။

နှစ်ယောက်လုံးအနုပညာအလုပ်တွေနဲ့ရှုပ်နေပေမယ့် သားလေးနဲ့သမီးလေးကိုတော့ အချိန်သပ်သပ်ဖယ်ထားပြီး အတူတူပျော်တတ်ကြပါ တယ်။ အခုလို Stay Home ကာလမှာတော့ အိမ်မှာပဲအချိန်ပြည့်နေပြီး ကလေးတွေနဲ့နွေးထွေးတဲ့အနေအထားလေးတစ်ခုမှာ အေးချမ်းနေခဲ့ပါတယ်။

 

နှစ်ယောက်သားရဲ့ အလှူလေးကို ” COVID-19 ရောဂါကုသရေးဌါန ဧရာဝတီစင်တာသို့ ပြေတီဦး-အိန္ဒြာကျော်ဇင် မိသားစုမှ အလှူငွေ သိန်း (၂၀) ပြေတီဦး ပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ (၁၀) သိန်း စုစုပေါင်း သိန်း (၃၀) ကျပ် ပါဝင်လှူဒါန်းခဲ့ပါတယ် ကျန်းမာရေး ဝန်ထမ်း များနှင့်တကွ ရောဂါခံစားနေရသူများနှင့် (၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ် ကင်းရှင်းပြီး ရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။credit