Celebrities

ချစ်မေမေကိုသေသေချာချာနှိပ်ပေးနေရှာတဲ့ Austin လေးရဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ မိုးယုစံ

မင်းသမီးချောလေး မိုးယုစံကတော့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးနဲ့ မိန်းကလေးချင်းအားကျရလောက်အောင်ကို လှနိုင်လွန်းတဲ့သူလေးပါပဲနော် ။ ခေါင်းအစခြေအဆုံး အပြစ်ပြောစရာမရှိရလောက်အောင် အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မိုးယုက ကလေးတစ်ယောက်ရရှိတာတောင် လှနေဆဲဖြစ်ပါတယ်။ 

အထူးသဖြင့် မိုးယုစံက ကလေးမေမေလို့မထင်ရလောက်အောင်ကို အရွယ်တင်နုပျိုနေပြီး လက်ရှိမှာတော့ မိုးယုက ချစ်ရတဲ့ခင်ပွန်းရယ် သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ မိုးယုအနေနဲ့ အခုလို Stay At Home ကာလမှာတော့ မိသားစုလေးနဲ့အတူ ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတယ်လို့လည်းသိရပါတယ် ။ 

မိုးယုကသူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေအပြင်သားလေးရဲ့ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း သူမကိုသေသေချာချာနှိပ်ပေးနေတဲ့ သားလေးရဲ့ ချစ်စရာဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ် ။ ဗီဒီယိုလေးထဲမှာ austin လေးတစ်ယောက် လိမ္မာသိတတ်ပြီးအရမ်းချစ်စရာကောင်းနေတာကြောင့်cele zone ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။ 

အလိမ္မာ ဆုံးလေးမို့ အရမ်းချစ်ရပါတယ်❤️❤️❤️

Posted by Moe Yu San on Friday, 25 September 2020

#credit