Celebrities

အနောက်ပိုင်းဆေးရုံမှာ Covid 19 လူနာများထားရှိရင် ယာယီရွက်ဖျင်တဲများ လှူဒါန်းခဲ့တဲ့ ချစ်သုဝေ

အနုပညာလောကမှာအောင်မြင်မှုများစွာ ဆွတ်ခူးနေတဲ့ ချစ်သုဝေကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ အရည်အချင်းများစွာရှိတဲ့ အမျိုးသမီးတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပေမယ့်လည်း ချစ်သုဝေက သူမချစ်တဲ့အနုပညာအလုပ်တွေကို ပိုမိုဦးစားပေးလုပ်ကိုင်ခဲ့သူဖြစ်ပြီး အခုဆိုရင် ချစ်သုဝေက သမီးအမြွှာလေးနှစ်ယောက် ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျချစ်ခင်နေကြတာအမှန်ပါပဲနော်။

ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မိသားစုတစ်စုဆိုလည်း မမှားပါဘူး ။ အလှူတန်းတွေလည်း မကြာခဏပြုလုပ်တတ်သူလည်းဖြစ်ရာ အခုလည်း အနောက်ပိုင်းဆေးရုံမှာ Covid 19 လူနာများထားရှိရင် ယာယီရွက်ဖျင်တဲများ လှူဒါန်းခဲ့ကြောင်းသူရဲ့ဖေ့ဘွတ်စာမျက်နှာလေးမှာဖော်ပြထားတာတွေ့ရပါတယ် ။

သွားရောက်ကြည့်ရှုလှူဒါန်းခဲ့တဲ့ပုံလေးတွေနဲ့ အတူ “အနောက်ပိုင်းဆေးရုံသို့ယာယီ Tent လှူဒါန်းခြင်း လတ်တလောလိုအပ်ချက်အရ လူနာများထားနိုင်ဖို့ အနောက်ပိုင်းဆေးရုံအတွင်း၌ ယာယီ Tent များစတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ် 

ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိလူနာတွေ (PUI) ကို  Swab ယူပီး ဒီ Tent အတွင်းမှာ စောင့်ကြည့်လူနာများအဖြစ် ထားရှိမှာပဲဖြစ်ပါတယ်။  Tent အတွင်းမှာ စောင့်ကြည့်လူနာများအတွက် သက်တောင့်သက်သာရှိနိုင်မယ့် ကုတင်၊ ရေ၊ မီး၊ Aircon နဲ့တကွ light partitionပါ အခန်း30 ပါဝင်ပြီး mobileအိမ်သာအစရှိသည်တို့လည်းပါဝင်တာ ဖြစ်ပါတယ် (၂) လတာကာလဌါးရမ်းခ အပီးအစီးကို ကျပ်သိန်း (၂၀၀) ကျသင့်ပါတယ်။ ဒီလို Tent မျိူး လေးလုံး စုစုပေါင်း သိန်း (၈၀၀) ကျပ်တိတိကို (၇) ရက်သားသမီးစေတနာရှင်များနဲ့ စုပေါင်းလှူဒါန်းသွားမှာပါ။

အခုဆို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ သင်္ဃန်းကျွန်း၊ အင်းစိန်ဆေးရုံ နှင့် အနောက်ပိုင်းဆေးရုံသို့လှူဒါန်းပြီးဖြစ်ပါတယ်

ဆက်လက်၍လည်း ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပြီ။ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊  လူနာများအတွက် စားသောက်ရေးအတွက်လည်း လှူဒါန်းချင်တာမို့ အလှူရှင်များအားလုံးကိုလည်း ထပ်မံနှိုးဆော်ပါရစေ။ခေတ်သစ်ဖောင်ဒေးရှင်း ရဲ့ အလှူရှင်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 

အများအားနဲ့ နိုင်သလောက် ဝိုင်းဝန်းကူညီကြရအောင်” ဆိုတဲ့စာလေးနဲ့အတူရှင်းလင်းဖော်ပြထားတာတွေ့ရပါတယ် ။ cele zone ပရိသတ်ကြီးရေ တကယ်ကိုလေးစားစရာကောင်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် မျှဝေပေးလိုက်ပါတယ်နော် ။credit