ကစ်ကစ်လို့ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေးဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသူလေးဆိုလည်းမမှားပါဘူး ။ မျက်နှာလေးကအစ ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါပဲနော် ။
ဖက်ရှင်အလှဘုရင်မလို့ တင်စားထားရတဲ့ ကစ်ရဲ့အလှကတော့ အမြဲလိုလိုအများနဲ့မတူ ထူးထူးခြားခြား ဖြစ်နေခဲ့ပါတယ်။ကစ်ကတော့ အလုပ်တွေကြိုးစားလုပ်ကိုင်သလို အလှူတန်းတွေဆိုလည်း အမြဲလိုလိုပါဝင်ကူညီတတ်တဲ့စိတ်လေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာလည်းဖြစ်ပါတယ်။
အခုမှာတော့ Live လွှင့်ကာ ပရိသတ်တွေနဲ့စကားတွေအပြန်အလှန်ပြောရင်း လတ်တလောဖြစ်ပေါ်နေတဲ့ covid 19 ရောဂါနဲ့ပက်သတ်ပြီး မိဘနှစ်ပါးကိုစိတ်ပူမိကြောင်းနဲ့ ပရိသတ်တွေကိုလည်း အစစအရာရာဂရုစိုက်ရန်ပြောကြားထားတာတွေ့ရပါတယ် ။ cele zone ပရိသတ်ကြီးအတွက်ရွှေကစ်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
အဖေဆေးရုံတက် နေချိန်မှာ video call နဲ့ မေတ္တာပေးခဲ့တဲ့ ဘုန်းဘုန်း အရှင်ဆေကိန္ဒ ??ဂရုစိုက် ကုသပေးခဲ့တဲ့ဆရာကြီး Doctor ဦးထူးမောင်အုန်းနဲ့ စိတ်ပူကူညီပေးခဲ့ကြသူအားလုံးကိုအထူးကျေးဇူး တင်ပါတယ်ရှင် ???
Posted by Wutt Hmone Shwe Yi on Friday, 25 September 2020
#credit