Lifestyle

ဝတ်စုံနဲ့ဆိုလေတော့ နောက်မှသိလိုက်ရတာက ခရိုင်ကျန်းမာရေးအရာရှိ ဒေါက်တာခင်မာစိုး ကိုယ်တိုင်ဖြစ်နေပါတယ်တဲ့

Zawgyi

မနေ့က ကျနော်တို့ မအူပင်ကွန်ပျူတာတက္ကသိုလ် FQကနေ (၁)နှစ်(၇)လ ကလေးငယ် ကိုဗစ် (+) အဖြေထွက်ပါတယ်။ ကလေးရဲ့မိခင်ဖြစ်သူက သည့်အရင်နေ့က (+) ထွက်ခဲ့တာပါ။

ကလေးငယ်နဲ့ သူ့အဖွားဟာ FQ မှာကျန်ခဲ့ရာက ကလေးက (+)ထွက်ခြင်းပါ။ သည်တော့ ကလေးကိုမိခင်ရှိရာ ဆေးရုံဆီပို့ဖို့ဖြစ်လာပါတယ်။ (+)ကြောင့် စိတ်မကောင်းရပေမယ့် ခက်ခဲချိန်အမေနဲ့အတူနေရတော့မှာမို့ တဘက်က ဝမ်းသာရပါတယ်။

သည်နေရာမှာ လူကြီးဆိုရင်သာ အကာအကွယ်တပ်ဆင်ပေးပြီး ကားပေါ်တက်လုပ်လို့ဖြစ်ပေမယ့် တစ်ဦးတည်း ပိုးရှိကလေးငယ်ကို ဆေးရုံပို့ဖို့ လူကြီးတစ်ဦးလိုပါတယ်။

(+)အမေကိုဆေးရုံကနေ ပြန်ခေါ်လာပြီး ပွေ့ချီခိုင်းဖို့ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ မညီပါဘူးတဲ့။ မအူပင်ပရဟိတသမားတွေက ဆောင်ရွက်ဖို့လုပ်ကြပေမယ့် တာဝန်ရှိသူက ကားသာလာခဲ့ပါ စီစဉ်ထားတယ်ဆိုပါတယ်။

မှတ်တမ်းဗီဒီယိုတွေရိုက်ထားပေမယ့် PPE ဝတ်စုံနဲ့ဆိုလေတော့ နောက်မှသိလိုက်ရတာက ခရိုင်ကျန်းမာရေးအရာရှိ ဒေါက်တာခင်မာစိုး ကိုယ်တိုင်ဖြစ်နေပါတယ်တဲ့။ သူ့ဝန်ထမ်းတွေနဲ့ပရဟိတမောင်နှမတွေ အန္တရာယ်ဖြစ်မှာစိုးလို့ သူကိုယ်တိုင်ဆောင်ရွက်လိုက်တာပါ။

ကားပေါ်မှာလည်း ကလေးကိုချော့မြှူလို့လိုက်ပါခဲ့ပါတယ်။ မအူပင်မြို့သူမြို့သားတွေ ဒါကိုသိတော့ အံ့သြဂုဏ်ယူကြပါတယ်။ သူမကိုကင်ပွန်းတပ်ကြပါတယ်။ ‘ခေါင်းရှောင်တွေပေါတဲ့ခေတ်ရဲ့ ခေါင်းဆောင်ကောင်း’တဲ့။

ကျနော့်အနေနဲ့လည်း ဆရာမအတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ကျနော်သိသလောက် သူမဟာ မကွေးဘက်ကပါ။ ကျနော်ကျောင်းပြန်ရောက်လို့ Qဝင်တော့ ဇာတိရေစကြိုက မကွေးကလာတာပါလည်းဆိုရော ကျမလည်း မကွေးကပဲတဲ့။

ပထမလှိုင်းဖြစ်ကတည်းက ကျောင်းကနေ ကျန်းမာရေးဝန်ထမ်းတွေအတွက် စားစရာသွားလှူတာ အဝတ်လျှော်စက်သွားလှူတာ ကျောင်းထဲကဆရာဆရာမတွေ ပြန်လာQဝင်တော့ လာကြည့်ပေးတာတွေမှာ သူမနဲ့ တွေ့ဆုံဖူးပါတယ် အလုပ်လုပ်ဖူးပါတယ်။

အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ် အစ်မရေ။သတင်းအချက်အလက် မှီငြမ်း – Nay Lin Aung (မအူပင် ပရဟိတ)

Unicode

မနေ့က ကျနော်တို့ မအူပင်ကွန်ပျူတာတက္ကသိုလ် FQကနေ (၁)နှစ်(၇)လ ကလေးငယ် ကိုဗစ် (+) အဖြေထွက်ပါတယ်။ ကလေးရဲ့မိခင်ဖြစ်သူက သည့်အရင်နေ့က (+) ထွက်ခဲ့တာပါ။ ကလေးငယ်နဲ့ သူ့အဖွားဟာ FQ မှာကျန်ခဲ့ရာက ကလေးက (+)ထွက်ခြင်းပါ။

သည်တော့ ကလေးကိုမိခင်ရှိရာ ဆေးရုံဆီပို့ဖို့ဖြစ်လာပါတယ်။ (+)ကြောင့် စိတ်မကောင်းရပေမယ့် ခက်ခဲချိန်အမေနဲ့အတူနေရတော့မှာမို့ တဘက်က ဝမ်းသာရပါတယ်။

သည်နေရာမှာ လူကြီးဆိုရင်သာ အကာအကွယ်တပ်ဆင်ပေးပြီး ကားပေါ်တက်လုပ်လို့ဖြစ်ပေမယ့် တစ်ဦးတည်း ပိုးရှိကလေးငယ်ကို ဆေးရုံပို့ဖို့ လူကြီးတစ်ဦးလိုပါတယ်။ (+)အမေကိုဆေးရုံကနေ ပြန်ခေါ်လာပြီး ပွေ့ချီခိုင်းဖို့ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ မညီပါဘူးတဲ့။ မအူပင်ပရဟိတသမားတွေက ဆောင်ရွက်ဖို့လုပ်ကြပေမယ့် တာဝန်ရှိသူက ကားသာလာခဲ့ပါ စီစဉ်ထားတယ်ဆိုပါတယ်။