Celebrities

ခြင်ထောင်အတွင်းအိပ်နေစဉ်အဖြစ်ဆိုးခဲ့ရတဲ့ အမျိုးသမီး

Zawgyi

ခြင်ထောင်အတွင်း ၌ အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့် အသတ်ခံရပြီး ရွှေထည်ပစ္စည်းများ ချွတ်ယူခံရ။နေအိမ် ခြင်ထောင်အတွင်း အသက်(၅၀)ကျော် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် အသတ်ခံရမှု စက်တင်ဘာ ၂၃ ရက်နေက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရွာ ရွှေဗဟိုရ်လမ်းသွယ်နေ တရားလိုမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ(၅)နာရီခန့်က ၎င်းနေအိမ်ခေါင်းရင်ဘက် နေ အမဖြစ်သူအား မတွေ့သဖြင့် အမ၏သားဖြစ်သူအား နင့်အမေရောမတွေ့ပါလား ပြန်မလာသေးဘူလားဟု မေးစဉ် တူဖြစ်သူမှ မေမေရှိတယ် အိပ်နေတာဟု ပြော၍ ဟဲ့တစ်နေကုန်အိပ်နေတာလား နှိုးလိုက်အုံးဟု ပြောခဲ့ကြောင်း ဆိုသည်။

ထို့နောက် တရားလိုမှ ၎င်း၏သမီးဖြစ်သူအား အဒေါ်ဖြစ်သူကို သွားကြည့်ခိုင်းစဉ် သမီးဖြစ်သူမှ ” မေမေရေဟုတ်တယ် ကြီးကြီးက ခြင်ထောင်ထဲမှာရှိတယ် မျက်နှာမှာ အညိုအမဲတွေစွဲလို့ ဟု အော်ပြော၍ သွားရောက်ကြည်ရှုစဉ် အမဖြစ်သူမှာ ခြင်ထောင်အတွင်း ဝဲဘက်မျက်လုံးနှင့်ပါရိုးတွင်ညိုမဲဒဏ်ရာ လည်ပင်းပွန်းခြစ်ညိုမဲဒဏ်ရာ လျှာထွက်၍ ယာဘက်နားအောက်သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမဖြစ်သူအား သေဆုံးအောင် ပြုလုပ်သူအား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူ(စုံစမ်းဆဲ)အား (ပ)၃၄၀၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် စုံစမ်းစစ်ဆေးရှာဖွေလျှက် ရှိရာမှ စက်တင်ဘာ ၂၄ ရက်နံနက် ၃ နာရီခန့်တွင် ပြစ်မှုကျူးလွန်သူ ထွန်းထွန်းဝင်း အား ၎င်းငှားရမ်း‌နေထိုင်သည့်အိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ရွှေပြည်သာမြို့နယ် ပန်းခြံစုရပ်ကွက် ကျောင်းလမ်း(၂၄)ရပ်ကွက်နေ ထွန်းထွန်းဝင်းအား စစ်ဆေးခဲ့ရာ ၎င်းနှင့် သေဆုံးသူတို့မှ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှနေသူများဖြစ်ကြောင်း အခင်ဖြစ်နေ နံနက်(၁၀)နာရီခန့်က သေဆုံးသူ၏နေအိမ်ရောက်ရှိစဉ် ၎င်းအား သေဆုံးသူမှ တရားဝင်လက်ထပ်ပေါင်းသင်းရန် ပြောဆိုရာမှ စကားများ၍ ၎င်းမှ သေဆုံးသူအား လည်ပင်းညှစ်သတ်ကာ

သေဆုံးသူဝတ်ဆင်ထားသော ရွှေဆွဲကြိုး(၁)ကုံး နှင့် ရွှေလက်ကောက်(၄)ကွင်းတို့အား ချွတ်ယူခဲ့ပြီး ‌ဆွဲကြိုးအား ထန်းခြောက်ပင်ကွေ့အနီးရှိ နဝလီဆိုင်တစ်ခုတွင် (၄၉၅၀၀၀)ကျပ်ဖြင့် ရောင်းခဲ့ပြီး လက်ကောက်(၄)ကွင်းမှာ ၎င်း၏ ဆိုင်ကယ်တူးဘောက် အတွင်း ထည့်ထားခဲ့ကြောင်း စစ်ဆေး ထွက်ဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ထွန်းထွန်းဝင်း(၃၁) နှစ်အား ရွှေပြည်သာမြို့မရဲစခန်းမှ မူလရေးဖွင့်ထားသော ပုဒ်မ ၃၀၂ မှ ၃၀၂/၃၉၂ သို့ ပြောင်းလဲအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။Credit:Top Phoenix Media Group

Unicode