Lifestyle

သက်ကြီးရွယ်အိုမင်းမစွမ်းအားကိုးရာမဲ့နေသူ ဝမ်းစာအတွက်ရှုန်းကန်နေရသူတွေကို အနီးအနားမှာကြုံခဲ့ရင်တတ်နိုင် သလောက်လေး ကူညီဖေးမှပေးကမ်း အားပေးပါ

Zawgyi

200ဖိုး3လုံးတဲ့ မြို့အနှံလှည့်လည် ခြေလျှင်ဂတ်ဖြည့် တဲ့အလုပ်နဲ့ ဝမ်းစာရှာစားနေတဲ့ အဘ တရုတ်မီးခြစ်ဆို 100 ယိုးဒယားမှ 200ကျပ် ပဲရှိတာ များသော အားဖြင့် ဂတ်လည်းသိပ်မဖြည့်လိုကျပါဘူး အသစ်ပဲဝယ် သုံးကျတာများတဲ့အတွက် အဘ တစ်နေ့မှဘယ်နှစ်လုံးဖြည့်ရပါ့မလဲ တွေးရင်းစိတ်မကောင်းဖြစ်မိတယ်

တစ်ရက် အလုံး 20ဖြည့်တာတောင် တစ်ရက်စာဝမ်းစာဖြည့်နိုင်ပါ့မလားနော် ၊အဘ သမီးမီးခြစ်လေး ဂတ်ဖြည့်ချင်လို့ ဆိုတော့ ဝမ်းသာအားရ အထုတ်လေးဖြေပြီး တစ်စခြင်းစီ ဖြုတ်တပ် ဂတ်ဖြည့်ပေးတယ် လိုရမယ်ရဆောင်ထားတဲ့ မီးခြစ် လေးပေါ့

ဘယ်လောက်ကျလည်း အဘ ဆိုတော့ 100တဲ့ 10000တန်လေးတစ်ရွက်ပေးလိုက်တော့ အကြွေမရှိဘူးသမီး တဲ့ ရတယ်မအမ်းနဲ့ အဘစားချင်တာစား ဆိုပြီးပေး လိုက်တော့ ကြောင်ကြည့်နေတယ်။စားချင်တာတော့စားမှာမဟုတ်လောက်ဖူး ဆန် လေးဆီလေး ဝယ်မယ်ဆိုတာတော့ အတတ်သိနေတယ်။မွေးနေ့အလှူလေးပါလို့ပြောလိုက်တော့ ဆုတွေအများကြီးပေးတယ်။

ပေးချင်တဲ့messageလေးကတော့ သက်ကြီးရွယ်အိုမင်းမစွမ်းအားကိုးရာမဲ့နေသူ ဝမ်းစာအတွက်ရှုန်းကန်နေရသူတွေကို အနီးအနားမှာကြုံခဲ့ရင်တတ်နိုင် သလောက်လေး ကူညီဖေးမှပေးကမ်း အားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။အရင်းနှီးနဲနဲနဲ့ရိုးသားစွာ ရှာဖွေစားသောက် ရပ်တည်ရှင်သန် ရတာမလွယ်ပါဘူးနော်။Source:Nan Phyu Yichit

Unicode

200ဖိုး3လုံးတဲ့ မြို့အနှံလှည့်လည် ခြေလျှင်ဂတ်ဖြည့် တဲ့အလုပ်နဲ့ ဝမ်းစာရှာစားနေတဲ့ အဘ ?တရုတ်မီးခြစ်ဆို 100 ယိုးဒယားမှ 200ကျပ် ပဲရှိတာ များသော အားဖြင့် ဂတ်လည်းသိပ်မဖြည့်လိုကျပါဘူး အသစ်ပဲဝယ် သုံးကျတာများတဲ့အတွက် အဘ တစ်နေ့မှဘယ်နှစ်လုံးဖြည့်ရပါ့မလဲ တွေးရင်းစိတ်မကောင်းဖြစ်မိတယ်?

တစ်ရက် အလုံး 20ဖြည့်တာတောင် တစ်ရက်စာဝမ်းစာဖြည့်နိုင်ပါ့မလားနော် ၊အဘ သမီးမီးခြစ်လေး ဂတ်ဖြည့်ချင်လို့ ဆိုတော့ ဝမ်းသာအားရ အထုတ်လေးဖြေပြီး တစ်စခြင်းစီ ဖြုတ်တပ် ဂတ်ဖြည့်ပေးတယ် လိုရမယ်ရဆောင်ထားတဲ့ မီးခြစ် လေးပေါ့

ဘယ်လောက်ကျလည်း အဘ ဆိုတော့ 100တဲ့10000တန်လေး တစ်ရွက်ပေးလိုက်တော့ အကြွေမရှိဘူးသမီး တဲ့ ရတယ်မအမ်းနဲ့ အဘစားချင်တာစား ဆိုပြီးပေး လိုက်တော့ ကြောင်ကြည့်နေတယ်။စားချင်တာတော့စားမှာမဟုတ်လောက်ဖူး ဆန် လေးဆီလေး ဝယ်မယ်ဆိုတာတော့ အတတ်သိနေတယ်။မွေးနေ့အလှူလေးပါလို့ပြောလိုက်တော့ဆုတွေအများကြီးပေးတယ်။