Lifestyle

ကံကောင်းစေဖို့အဆောင်တွေကို သံချပ်လိုဝတ်ဆင်တဲ့အမျိုးသား မဝတ်တဲ့နေ့မှာ ကားတိုက်ခံရပြီးသေဆုံ

Zawgyi

ရှေးခေတ်အခါတွေကထဲ ကံကောင်းစေတဲ့အဆောင် ၊ အင်းအိုင်လက်ဖွဲ့ ၊ ဂါထာမန္တယားအတတ်ဟာရှိခဲ့ပြီး ယနေ့လိုသိပ္ပံပညာထွန်းကားတဲ့ခေတ်ကြီးမှာတောင် ယုံကြည်နေကြသူတွေရှိကြပါတယ်။

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ကံကောင်းစေတဲ့အဆောင်မှန်သမျှကို စုဆောင်းပြီး စုဆောင်းထားသမျှကိုလည်း တစ်ခုမကျန်ဝတ်ဆင်ခဲ့ပါတယ်။စုဆောင်းထားတာတွေများလွန်းတာကြောင့် ရှေးခေတ်စစ်သားသံချပ်ကာပုံစံချိတ်ဆွဲကာဝတ်ဆင်ခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ အဲ့ဒီကံကောင်းစေတဲ့အဆောင်တွေကို ထိုင်းနိုင်ငံရှိနာမည်ကြီး တန်ခိုးကြီး နေရာတွေကိုသွားရောက်စုဆောင်းပြီး ရောက်လေရာအရပ်မှာလည်းစုဆောင်းတတ်ပါတယ်။

သူကတော့ အဲ့ဒီအဆောင်တွေကြောင့်သူအသက်ရှင်ကျန်းမာနေတယ်လို့ ယုံကြည်တဲ့အတွက် သွားလေရာမှာရှေးခေတ်စစ်သားသံချပ်ကာလိုဝတ်ဆင်ပြီးသွားလေ့ရှိပါတယ်။တစ်နေ့မှာ၎င်းအမျိုးသားဟာ အဆိုပါအဆောင်တွေကိုအပြင်သွားရာမှာမေ့ပြီးမဝတ်ခဲ့တဲ့နေ့မှာပဲ ကားတိုက်ခံခဲ့ရပါတယ်။

ဆောင် လို့ခေါ်တဲ့အဆိုပါအမျိုးသားဟာကားတိုက်ခံရမှုကြောင့် စတိုးဆိုင်အတွင်းသို့လွှင့်စင်သွားခဲ့ပါတယ်။သူ့ကိုတိုက်တဲ့ကားဟာ ရပ်မသွားဘဲသူလွှင့်စင်သွားတဲ့ စတိုးဆိုင်ကိုထပ်တိုက်ခဲ့တာကြောင့် စတိုးဆိုင်မှဆောက်အဦး၏ကြီးမားတဲ့အပျက်အစီးများ ဆောင် အပေါ်ပိခဲ့လို့ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ဆောင် ဟာသူယုံကြည်ထားတဲ့အတိုင်းကံကောင်းစေတဲ့အဆောင်တွေသူနဲ့အတူမရှိတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်အသက်ကိုစွန့်သွားခဲ့ရတာဖြစ်ပါတယ်။Credit

Unicode

ရှေးခေတ်အခါတွေကထဲ ကံကောင်းစေတဲ့အဆောင် ၊ အင်းအိုင်လက်ဖွဲ့ ၊ ဂါထာမန္တယားအတတ်ဟာရှိခဲ့ပြီး ယနေ့လိုသိပ္ပံပညာထွန်းကားတဲ့ခေတ်ကြီးမှာတောင် ယုံကြည်နေကြသူတွေရှိကြပါတယ်။ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ကံကောင်းစေတဲ့အဆောင်မှန်သမျှကို စုဆောင်းပြီး စုဆောင်းထားသမျှကိုလည်း တစ်ခုမကျန်ဝတ်ဆင်ခဲ့ပါတယ်။စုဆောင်းထားတာတွေများလွန်းတာကြောင့် ရှေးခေတ်စစ်သားသံချပ်ကာပုံစံချိတ်ဆွဲကာဝတ်ဆင်ခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ အဲ့ဒီကံကောင်းစေတဲ့အဆောင်တွေကို ထိုင်းနိုင်ငံရှိနာမည်ကြီး တန်ခိုးကြီး နေရာတွေကိုသွားရောက်စုဆောင်းပြီး ရောက်လေရာအရပ်မှာလည်းစုဆောင်းတတ်ပါတယ်။

သူကတော့ အဲ့ဒီအဆောင်တွေကြောင့်သူအသက်ရှင်ကျန်းမာနေတယ်လို့ ယုံကြည်တဲ့အတွက် သွားလေရာမှာရှေးခေတ်စစ်သားသံချပ်ကာလိုဝတ်ဆင်ပြီးသွားလေ့ရှိပါတယ်။တစ်နေ့မှာ၎င်းအမျိုးသားဟာ အဆိုပါအဆောင်တွေကိုအပြင်သွားရာမှာမေ့ပြီးမဝတ်ခဲ့တဲ့နေ့မှာပဲ ကားတိုက်ခံခဲ့ရပါတယ်။

ဆောင် လို့ခေါ်တဲ့အဆိုပါအမျိုးသားဟာကားတိုက်ခံရမှုကြောင့် စတိုးဆိုင်အတွင်းသို့လွှင့်စင်သွားခဲ့ပါတယ်။သူ့ကိုတိုက်တဲ့ကားဟာ ရပ်မသွားဘဲသူလွှင့်စင်သွားတဲ့ စတိုးဆိုင်ကိုထပ်တိုက်ခဲ့တာကြောင့် စတိုးဆိုင်မှဆောက်အဦး၏ကြီးမားတဲ့အပျက်အစီးများ ဆောင် အပေါ်ပိခဲ့လို့ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ဆောင် ဟာသူယုံကြည်ထားတဲ့အတိုင်းကံကောင်းစေတဲ့အဆောင်တွေသူနဲ့အတူမရှိတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်အသက်ကိုစွန့်သွားခဲ့ရတာဖြစ်ပါတယ်။credit