News

ထမင်းတစ်နပ်၂၀၀ကျပ် အစီအစဉ် ဖြင့် သာကေတ တွင် PPP ပါတီ ကရောင်းချပေးနေ

Zawgyi

ကိုဗစ်ကာလ အကြပ်အတည်းဖြင့် ရင်ဆိုင်နေရသော ပြည်သူများ အတွက် ထမင်း တစ် နပ် ၂၀၀ ကျပ် အစီအစဉ်ဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ( သာကေတမြို့နယ် )နှင့် YTP ကုမ္မဏီ လိမိတက်တို့ ပူးပေါင်း ကာ

စက်တင်ဘာ ၂၄ ရက်တွင် သာကေတမြို့နယ်အတွင်းဆန် တစ်ဗူး + ကြက်ဥ တစ်လုံး = ၂၀၀ ကျပ် ဖြင့် လူတစ်ဦးလျှင် ၅ထုပ် ၁၀၀၀ကျပ် ဖိုးအထိ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

အထုပ်ပေါင်း ၃၀၀၀ ရောင်းချပေးမည်ဖြစ်ပြီး ပါဝင်ကူညီ အားဖြည့်ပေးပါသော အမှုဆောင်များ ပါတီဝင် စေတနာရှင် ဝန်ထမ်းများ ဝန်းရံသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း နှင့်

” ပြည်သူတွေထံ မီးဖိုချောင်ထဲ အထိ လိုက်လံဖြည့်ဆည်းဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ နဲ့ တွေ့ကြပါစို့” ဟု PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ယနေ့တွင် ယင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။Credit:myanmarludumedia

Unicode