Celebrities

ဒူးရင်းသီးရောင်းရငွေတွေအကုန်လုံးကို ကိုဗစ်နဲ့ပတ်သက်တဲ့နေရာတွေမှာ လှူဒါန်းပေးခဲ့တဲ့ နန္ဒာလှိုင်ရဲ့မိခင်

ပရိသတ်ရဲ့အချစ်တော်နန္ဒာလှိုင်နဲ့ မောင်တို့ရဲ့မိခင်ဖြစ်သူကတော့ ဒီနေ့မှာ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အလှူငွေထည့်ဝင်ခဲ့ကြောင်း မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလာပါတယ်။ သားသမီးတွေ ကိုဗစ်နဲ့ ဒုက္ခရောက်နေရချိန်မှာ မိခင်ဖြစ်သူက သူဒူးရင်းသီးရောင်းပြီးရှာထားတဲ့ငွေတွေနဲ့ ကိုဗစ်ရောဂါကာကွယ်ကုသရေးနေရာတွေမှာ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ကိုဗစ်ရောဂါပိုးကြောင့် သမီးငယ်ဖြစ်သူနွေးနွေးလှိုင်ရဲ့ခင်ပွန်းဆုံးပါးခဲ့သလို မြေးလေးတွေလည်း Q Center မှာပဲနေခဲ့ရပါတယ်။ ဒါ့အပြင် သားငယ်စိန်ဖြိုးလှိုင်( မောင်) လည်း တူ၊တူမလေးတွေနဲ့အတူ Q ဝင်ပေးရင်း ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး နန္ဒာလှိုင်ရဲ့နေအိမ်ကိုလည်း Lock Down ချထားခြင်း ခံခဲ့ရပါတယ်။ အခုလို ကိုဗစ်ရောဂါပိုးဒဏ်ကို သားသမီးတွေအကုန်ခံစားခဲ့ရတာကြောင့် မိခင်ဖြစ်သူအနေနဲ့ ကိုဗစ်ရောဂါကာကွယ်ကုသရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်လာခဲ့တာပါ။

စိန်ဖြိုးလှိုင်ကတော့ မိခင်ဖြစ်သူရဲ့အလှူလေးကို ” သားသမီးတွေ COVID နဲ့ဒုက္ခရောက်နေတဲ့အချိန်မှာ အမေက သူ ဒူးရင်းသီးရောင်းပြီးရှာထားတာတွေနဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့နေရာတွေမှာ လှူမယ်ဆိုပြီး ဦးချိန်လှိုင် + ဒေါ်ခင်လှ မိသားစုအနေနဲ့ – တောင်ဥက္ကလာအမျိုးသမီးဆေးရုံ အတွက် သိန်း (၄၀)၊ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဆေးကုသမှုဌာနအတွက် သိန်း (၄၀)၊ မရမ်းကုန်းမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွက် သိန်း (၂၀)၊ ကမာရွတ် မြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွက် (၅) သိန်း.. စုစုပေါင်း (၁၀၅) သိန်း တို့ကိုလှူဒါန်းလိုက်ပါတယ်။သာဓုပါမေကြီးရေ” ဆိုပြီး မိခင်ဖြစ်သူရဲ့အလှူလေးကို မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Source – Sein Phyo Hlaing
Rainbow- Cele Gabar

#credit