Celebrities

အားပေးနေတဲ့ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းကောင်းလေးမျှဝေလာတဲ့ ခါရာ

မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲ မင်းသားချောခါရာကတော့ ဒီတစ်ခေါက်မှာ အားပေးနေတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးမျှဝေခဲ့ပါတယ်။ အခုလို ကိုဗစ်ကာလကြီးမှာ အပြင်ထွက်ပြီး လူစုလူဝေးလုပ်ခွင့်မရှိပေမယ့် ခါရာကတော့ အိမ်မှာပျင်းနေမယ့် Kharreans လေးတွေအတွက် Online Fan Meetings လေးကို ဒုတိယအကြိမ်မြောက် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Zoom Application နဲ့လုပ်တဲ့ Fan Meeting လေးမို့ ပထမတစ်ခေါက်မှာတော့ အမာခံပရိသတ်အယောက်(၅၀) သာလက်ခံခဲ့ပြီး ပရိသတ်တွေနဲ့ ပျော်ရွှင်စရာအချိန်လေးကို ဖန်တီးခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် Fan Meeting လေးကိုတော့ လာမယ့်စက်တင်ဘာ(၂၇) ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီတစ်ခေါက်အတွက်တော့ လူဦးရေ(၁၀၀)အထိ လက်ခံပေးသွားမှာပါ။

ခါရာကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ Fan Meeting Online Form လေးတွေ စတင်လျှောက်နိုင်ပြီဖြစ်ကြောင်းနဲ့ ပါဝင်ခွင့်ရရှိသူတွေကိုတော့ Random ရွေးချယ်သွားမှာဖြစ်လို့ အားလုံးကံကောင်းကြစေဖို့ ဆုတောင်းခဲ့ပါတယ်။ ပရိသတ်ကြီးရေ.. Fan Meeting လေးမှာတော့ ခါရာနဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုခွင့်ရမယ့်အပြင် ကိုယ်သိချင်တာလေးတွေလည်း မေးလို့ရတာမို့ ခါရာရဲ့အမာခံပရိသတ်ကြီးတွေအတွက် ဒီအစီအစဉ်လေးက တကယ်ကို ပျော်စရာပါပဲနော်။

Source – Khar Ra
Rainbow- Cele Gabar

#credit