Knowledge

သင်ဟာ တစ်ချိန်မှာချမ်းသာကြွယ်ဝသူဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့မှဲ့များ

Zawgyi

သင်ဟာ တစ်ချိန်မှာချမ်းသာကြွယ်ဝသူဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့မှဲ့များ။ မှဲ့နဲ့ပတ်သက်ပြီး သီအိုရီတွေမြောက်များစွာရှိပါတယ်။ မှဲ့ဟာ ကံဆိုးခြင်းတွေကိုပဲယူဆောင်လာပေးတယ်လို့

အယူရှိကြသလို ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့လည်း အယူရှိကြပါတယ်။ ဒါပေမယ့် မှဲ့တစ်ခုချင်းစီရဲ့နောက်မှာ ကျွန်မတို့ဘဝနဲ့ပတ်သက်ပြီး ပုန်းကွယ်နေတဲ့ အကြောင်းအရာတစ်ခုစီ

ရှိရမယ်လို့ လက်ခံထားကြဆဲပါ၊ ဒီတစ်ခါမှာတော့ ရှေးလေ့လာဖော်ထုတ်ချက်များအရ အောက်ပါဧရိယာတစ်ဝိုက်မှာရှိတဲ့မှဲ့တွေနဲ့ပတ်သက်ပြီး ချမ်းသာကြွယ်ဝမှုလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှုတ်ခမ်းအပေါ်မှာမှဲ့ပါတဲ့သူတွေဟာ အထူးကံကောင်းကြသူတွေပါ။ အရွယ်မတိုင်ခင်ကတည်းက ငွေကြေး၊ အောင်မြင်မှုတွေနဲ့ ထိတွေ့နေရပါပြီ။ သူတို့ဟာ သဘာဝအားဖြင့် တဇွတ်ထိုးဆန်တတ်ပေမယ့် အဲဒီအကျင့်လေးကပဲ အောင်မြင်မှုလမ်းကြောင်းကို အမြန်ဆုံးတွန်းတင်ပေးလိုက်သယောင်ပါ။

၂။ နှာခေါင်းပေါ် (သို့)နှာခေါင်းဘေးဘက်မှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝဖို့ကျိန်းသေပါတယ်။ ဒါပေမယ့် ဒီလိုမှဲ့ပိုင်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ဓနကတော့ အသက် ၃၀ (သို့)လက်ထပ်ပြီးနောက်မှ အချိန်တန်မှာပါ။ ညာဘက်ပါးမှာမှဲ့ပါတဲ့သူတွေအတွက်လည်း ထိုနည်းအတိုင်းပါပဲ။ လက်ထပ်ပြီးနောက်မှ အခြေအနေထူးခြားလာမှာပါ။

၃။ Third eye areaလို့ခေါ်တဲ့ မျက်လုံးနှစ်လုံး မျက်ခုံးနှစ်ဖက်ကြားမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေ ဝိုင်းဝန်းနေတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။ အမြဲလိုလို သူတို့ရဲ့ဘဝမှာ ငွေကြေးတွေက လုံလောက်တာထက်ပို လျှံပြီးရင်းလျှံပါပဲ။

၄။ ခြေဖဝါးမှာမှဲ့ပါတဲ့သူတွေကတော့ ခရီးများများထွက်ရတဲ့သူတွေဖြစ်ဖို့ ကျိန်းသေပါတယ်။ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် သေချာတာကတော့ ခရီးသွားခြင်းဟာ ဘဝရဲ့အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ ဒါပေမယ့် ခရီးဘလောက်သွားသွား နိုင်ငံခြားမှာအခြေချဖို့တော့ အလားအလာမရှိပါဘူး။

၅။ ညာဘက်လက်ဖဝါးမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝအောင်မြင်မှုတွေရရှိဖို့မွေးဖွားလာတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။ ဒါပေမယ့် မှဲ့တည်နေရာပေါ်မူတည်ပြီး ပိုင်ဆိုင်ဖို့အချိန်တွေကကွဲပြားသွားပါတယ်။

တကယ်လို့ မှဲ့က အပေါ်ခြမ်းမှာရှိနေရင်တော့ ငယ်ရွယ်ချိန်ကတည်းက အောင်မြင်နိုင်ပြီး အောက်ဘက်ခြမ်းမှာရှိနေရင်တော့ အောင်မြင်ချမ်းသာတဲ့ဘဝပိုင်ဆိုင်ရဖို့ အချိန်အနည်းငယ်ယူရမှာပါ။

၆။ ရင်ဘတ်ညာဘက်ခြမ်းမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေနဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။

၇။ မေးစေ့မှာမှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ကံကောင်းတတ်ကြပါတယ်။ သူတို့ဟာ လူအများနဲ့ နှီးနှောဆက်ဆံရတာထက် တစ်ယောက်တည်းပဲ ဖြတ်သန်းလိုကြပါတယ်။ ခရက်ဒစ်