Celebrities

covid မဖြစ်ခင်ကာလလေးမှာ လုပ်ခွင့်ရခဲ့တဲ့ အမှတ်တရတစ်ခုအကြောင်းကို ပြောပြလာတဲ့ ဘန်နီဖြိုး

ပရိသတ်အချစ်တော် တေးသံရှင် ဘန်နီဖြိုးကတော့ ဖေဖော်ဝါရီလမှာ Dreamworld 2020 solo concert ကို နှစ်ရက် လုပ်ဖြစ်ခဲ့လိုက်တာ ဒီနှစ်အတွက်တော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုပဲလို့ ဆိုပါတယ် ။ 9 night နဲ့ Show လုပ်ကြမယ်ဆိုပြီးစတည်ကတည်းက December မှာလုပ်မလား၊မွေးလ July မှာလုပ်မလား စဉ်းစားခဲ့ရင်း နေရာကိုလည်းမိုးတွင်းဆိုရင်တော့ indoor ရှားမယ်ပေါ့ ဆိုတဲ့အတွေးနဲ့ ရက်စွဲထူးထူးဆန်းဆန်းတွေကြိုက်တတ်တဲ့ သူ့ရဲ့ အကျင့်အတိုင်း 02.02.2020 မှာလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ် ။

အဲ့ဒါနဲ့ လုပ်မယ့်နေရာတွေ theme တွေစဉ်းစားကြ plan ကြရင် Yangon Gallery မှာလုပ်မယ် ရက်ညှိကြရောပေါ့ဗျာ … အဲ့လိုနဲ့ လိုချင်တဲ့ ၂ ရက် ၂ လမှာက ပြပွဲရှိနေတော့မရဘူး … ဒီလိုနဲ့ ရတဲ့ရက်တွေမေးလာ ပြန်တိုင်ပင်ကြနဲ့ (၁)ပတ်လောက်စဉ်းစားပြီးတော့(၂)ရက်လုပ်မယ်ဗျာ Valentine’s Day နဲ့ ပြီးနောက်တစ်ရက် …

ဖြစ်ချင်တာဖြစ်(၂)ရက်လုပ်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါလေရော(ဒီနေရာမှာ ကျွန်တော်ရူးသမျှတစ်ချက်မညည်းပဲအကုန်လိုက်လျောပြီးလုပ်ပေးတဲ့ executive producer 9 night ကိုအထူးကျေးဇူးတင်ပါတယ်) ဒီလိုနဲ့ပဲ ကျွန်တော် Bunny Phyoe တစ်ယောက် covid မြန်မာပြည်မှာမဖြစ်ခင်ကာလလေးမှာကပ်သီးလေး ဘဝရဲ့ဒုတိယအကြိမ် solo concert လုပ်ခွင့်ရခဲ့သည်ပေါ့ဗျာ။ မနေ့တစ်နေ့ကအတိုင်းပါပဲ ဆိုတဲ့ စာသားလေးနဲ့အတူ ဘဝရဲ့အမှတ်တရ အကြောင်းရာလေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြလာခဲ့တာဖြစ်ပါတယ် ။

အခု DVD အတွက် edit တွေလုပ်ရင်း ဓါတ်ပုံတွေရွေးရင်းနဲ့ အရာရာတိုင်းအတွက် အခွင့်အလမ်းတိုင်းအတွက် ကံရော အလုပ်ရော မိတ်ဆွေကောင်းတိုင်း ပရိသတ်တိုင်းကိုရော သတိတရကျေးဇူးတင်ပါတယ် လို့လည်း ရေးသားထားပါသေးတယ် ။ မကြာခင် ဒီအမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ D20 ကို DVD (Concert + Documentary) ပြန်ထုတ်ပေးပါမှာဖြစ်ပြီး ပရိသတ်ကြီးနဲ့လည်း အပြင်မှာ ပြန်ဆုံချင်သေးတဲ့အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ် ။credit