Celebrities

Tik Tok မှာရေပန်းစားနေတဲ့သီချင်းကို အမိုက်စား Cover ပြန်လည်သီဆိုခဲ့တဲ့ မိစန္ဒီ

မြန်မာနိုင်ငံရဲ့ Female Rapper တစ်ယောက်ဖြစ်ပြီး အမိုက်စား Rap တွေနဲ့ ပရိသတ်တွေ အားပေးဝန်းရံမှု အပြည့်ဝရရှိထားတဲ့ မိစန္ဒီကတော့ Stay home ကာလတွေမှာ ပရိသတ်တွေနဲ့အဆက်မပြတ်သွားစေမယ့် Cover Song လေးတွေ ရိုက်ကူးပြီး မကြာခဏ မျှဝေပေးနေတာပါ ။ လတ်တလောမှာလည်း ပရိသတ်တွေလုံး၀ ကြွေသွားမယ့် ကာဗာ သီချင်းလေးတစ်ပုဒ်ကို မျှဝေပေးလာခဲ့ပါတယ် ။

မိစန္ဒီကာဗာ ပြန်လည်သီဆိုထားတဲ့ သီချင်းလေးရဲ့ နာမည်ကတော့ Take your man (Mahogany LOX)- လို့အမည်ရပြီး Tik Tok မှာ မိန်းကလေးတွေကြား အရမ်းရေပန်းစားခဲ့တဲ့ သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဒီသီချင်းလေးကို မိစန္ဒီ က သူမကိုယ်တိုင် ကြိုက်လို့ Cover လေး ပြန်ဆိုထားပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။ အမိုက်စား သီချင်းနဲ့ အမိုက်စား ရိုက်ချက်တွေကြောင့် မိစန္ဒီရဲ့ ပရိသတ်တွေကတော့ အရမ်းကိုသဘောတွေ့နေကြတာပါ ။

ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း မိစန္ဒီရဲ့ Take your man သီချင်း Cover လေးကို နားဆင်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ မိစန္ဒီရဲ့ နောက်ထပ် Cover Song တွေကို ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် Mi Sandi ရဲ့ Official Youtube Channel လေးမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်လို့ သတင်းကောင်းလိုက်ပါရစေနော် ။

Source : Mi Sandi
Emily (Cele Gabar)

#credit