Celebrities

စိုင်းထီးဆိုင်ရဲ့အသက်(၇၀) နှစ်ပြည့်မွေးနေ့လေးအတွက် ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့ သမီးဖြစ်သူ ဆိုင်စံ

ပရိသတ်ကြီးရေ ဒီနေ့လေးကတော့ တေးသံရှင်စိုင်းထီးဆိုင်သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အသက်(၇၀) နှစ်ပြည့်မွေးနေ့လေးပါ။ သူကတော့ ရှမ်းတိုင်းရင်းသားတွေထဲက ထင်ရှားခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်သလို ခေတ်အဆက်ဆက် ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့သီချင်းပေါင်းများစွာ သီဆိုခဲ့သူပါ။

ကွယ်လွန်သွားတာ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်ပေမယ့် အခုချိန်ထိ စိုင်းထီးဆိုင်ရဲ့သီချင်းသံတွေကတော့ အနယ်နယ်အရပ်ရပ်မှာ ပျံ့လွင့်နေဆဲပါ။ ဒီနေ့ သူ့ရဲ့မွေးနေ့ရက်လေးမှာတော့ သမီးဖြစ်သူဆိုင်စံက ဖခင်အတွက် ရည်စူးပြီး ရန်ကုန်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းတွေအတွက် မနက်စာ အာလူးပူရီအလှူကို လှူဒါန်းပေးခဲ့ပါတယ်။

ဆိုင်စံကတော့ ဖခင်ရဲ့အမွေကို ဆက်ခံကာ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာခဲ့သူဖြစ်သလို ဒီနေ့ ဖခင်ရဲ့မွေးနေ့လေးအတွက် ကုသိုလ်ပြုပေးခဲ့ပြီး ဖေကြီးရဲ့ပရိသတ်တွေအားလုံးလည်း ကုသိုလ်ထပ်တူထပ်မျှရကြစေဖို့ ဆုတောင်းပေးကာ သူ့ရဲ့အလှူလေးကို မျှဝေခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ..

Source – Hseng Sam
Rainbow- Cele Gabar

#credit