Celebrities

ခက်ခဲနေတဲ့လူရွှင်တော်တွေကိုယ်စား နေတိုးဆီက အလှူခံပေးခဲ့တဲ့ ဒိန်းဒေါင်

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပျံ့နှံ့လာပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် အလုပ်တွေရပ်နားခဲ့ကြတဲ့အထဲမှာ လက်ရှိအချိန်ထိ အလုပ်တွေပြန်စခွင့်မရသေးတာကတော့ ရုပ်ရှင်လောကနဲ့ သဘင်လောကသားတွေပါ။ အနုပညာအလုပ်ကလွဲလို့ ဘာမှမလုပ်တတ်သူတွေအတွက် ပိုမိုအခက်တွေ့စေခဲ့သလို ရုပ်ရှင်လောကရဲ့အောက်ခြေအလွှာတချို့ကလူတွေလည်း ဈေးရောင်းသူရောင်း၊ ကယ်ရီဆွဲသူဆွဲနဲ့ ကြုံရာကျပန်းလုပ်ရင်း ဝမ်းရေးအတွက် ဖြေရှင်းနေကြရတဲ့အချိန်လို့ ဆိုရမှာပါ။

ရုပ်ရှင်လောကသားတွေအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးနေသလို သဘင်လောကသားတွေအတွက်လည်း ဖိုးချစ်ကတော့ ပိုသူလှူ လိုသူကူအစီအစဉ်ကနေ ကြိုးစားပြီး လှူဒါန်းပေးနေတာကတော့ တကယ်ကို ကျေနပ်အားရစရာပါ။ ဒါ့အပြင် တတ်နိုင်သူတချို့ကတည်း လောကသားတွေအတွက် ကူညီပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်း ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရတဲ့ ဟာသလူရွှင်တော်တွေအတွက် နေတိုးကတော့ ဒိန်းဒေါင်ဆီကတဆင့် လှူဒါန်းပေးခဲ့ပါတယ်။

နေတိုးကတော့ ကိုဗစ်ကာလအတွင်းမှာ အစိုးရထောက်ပံ့ရေးအစီအစဉ်တွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေ၊ စားဝတ်နေရေးခက်ခဲနေတဲ့မိသားစုတွေ၊ လူရွှင်တော်တွေ၊ သဘင်ပညာရှင်တွေ စတဲ့အလှူအသီးသီးမှာ တစ်တပ်တစ်အားပါဝင်ခဲ့သူပါ။ ဒီတစ်ခေါက်မှာလည်း ဒိန်းဒေါင်ဆီကနေတဆင့် လူရွှင်တော်တွေအဆင်မပြေဘူးဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်း သူကိုယ်တိုင်ဆယ်သိန်းမတည်ပြီး လှူဒါန်းပေးခဲ့တဲ့အကြောင်း ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်… ကိုဗစ်ကာလကို အကောင်းဆုံးကျော်လွှားနိုင်ဖို့ ငွေအားနဲ့တတ်အားသရွေ့ကူညီပေးနေတဲ့ နေတိုးကတော့ တကယ်ကို စံပြအနုပညာရှင်တစ်ယောက်ပဲ မဟုတ်လား ပရိသတ်ကြီးရေ..

Source – Nay Toe
Rainbow- Cele Gabar

#credit