Celebrities

ရပ်ကွက်အတွင်း mask နဲ့ ပိုးသတ် Spary တွေလှူဒါန်းခဲ့တဲ့ လွင်မိုး

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ကြတဲ့ မင်းသားချော တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်လွင်မိုး ကတော့ စက်တင်ဘာလ (၁၇) ရက်နေ့မှာ မွေးနေ့အလှူအဖြစ် We love yangon နဲ့.Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် အတွက် အလှူငွေ (၉) သိန်းကျပ်တိတိကို လှူဒါန်းခဲ့ပြီး လက်ရှိမှာလည်း ထပ်မံလှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ် ။

ဒီနေ့ စက်တင်ဘာလ (၂၃) ရက်နေ့မှာတော့ ရပ်ကွင်းအတွင်းမှာ Mask အခု (၁၀၀၀) နဲ့ ပိုးသတ် Spary (၂၅) လီတာ တို့နဲ့အတူ အခြားလိုအပ်တာတွေကို ထပ်မံလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ Covid ရောဂါကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတဲ့ အချိန်မှာ အမှန်တကယ် လိုအပ်နေတဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့အတွက် ပရိသတ်တွေက လွင်မိုးရဲ့အလှူလေးကို သာဓုတွေ တသီခေါ်ဆိုခဲ့ကြပါတယ် ။

လွင်မိုးရဲ့ ပရိသတ်တွေကတော့ ဒီထက်မက လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးထားကြတာလည်းတွေ့ရပါတယ် ။ လွင်မိုးကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။credit

Source : Lwin Moe
Emily (Cele Gabar)