Celebrities

မနက်လေးနာရီခွဲအချိန်မှာ အရေးပေါ်သွေးလှူဒါန်းပေးခဲ့တဲ့ ပိုင်တံခွန်

အခြေအနေအကြောင်းကြောင်းကြောင့် အရေးပေါ်သွေးလိုအပ်နေတဲ့သူတွေအတွက် အချိန်တိုင်းဟာ စက္ကန့်နဲ့အမျှအရေးကြီးနေတာအမှန်ပါ။ သူတို့လိုလူတွေအတွက် ပရဟိတသမားတချို့ကတော့ အရေးပေါ်သွေးလှူဒါန်းပေးနိုင်မယ့် လူတွေကိုရှာပေးလေ့ရှိကြပြီး တချို့လည်း အချိန်မီသွေးရရှိတာကြောင့် အသက်ဆက်နိုင်ခဲ့သလို တချို့တွေကတော့ အချိန်မီသွေးမရတာကြောင့် အသက်ဆုံးရှုံးနိုင်တဲ့အဖြစ်မျိုးနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

ဒီနေ့မနက်ပိုင်း လေးနာရီခွဲ လူတော်တော်များများ အိပ်စက်လို့ကောင်းမယ့်အချိန်မျိုးမှာတော့ ပရိသတ်အချစ်တော်ပိုင်တံခွန်တစ်ယောက် အရေးပေါ်သွေးလှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ လိုအပ်နေတဲ့သူတွေအတွက် သွေးအလှူရှင်အမြဲရှာပေးနေသူ ကိုရဲဟိန်းကတော့ မနေ့က လူနာတစ်ယောက်အတွက် အရေးပေါ်သွေးရရှိနိုင်ဖို့ တစ်ညလုံးရှာဖွေနေခဲ့ပေမယ့် တစ်ညလုံးရှာလို့ မရခဲ့ဘဲ မနက်လေးနာရီခွဲမှာတော့ ပိုင်တံခွန်ကလှူဒါန်းပေးဖို့ ဆက်သွယ်လာတယ်လို့ သိရပါတယ်။

ပိုင်တံခွန်ကတော့ လူနာအတွက် လိုအပ်နေတဲ့သွေးကို လှူဒါန်းပေးခဲ့ပြီး ကုသိုလ်ပြုခဲ့ပါတယ် ပရိသတ်ကြီးရေ… အခုလို ကူညီတတ်တဲ့စိတ်ထားလေးရှိတဲ့ ပိုင်တံခွန်ကိုတော့ ကိုရဲဟိန်းက ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် သွေးစစ်ချက်အဖြေတွေလည်း အကုန်ကောင်းလို့ ပိုဝမ်းသာမိကြောင်း မျှဝေလာပါတယ်။ ပိုင်တံခွန်ရဲ့ မကြာသေးခင်က ကျရောက်ခဲ့တဲ့သူ့ရဲ့မွေးနေ့မှာ Fans တွေက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသလို သူကိုယ်တိုင်လည်း အခုလို လိုအပ်နေတဲ့အချိန်မှာ အရေးပေါ်သွေးလှူဒါန်းပေးခဲ့တာကြောင့် ပရိသတ်နဲ့တသားတည်းကျတဲ့ အနုပညာရှင်လို့ ဆိုရမှာပါပဲနော်။

Source – Ye Hein, Paing Takhon
Rainbow- Cele Gabar

#credit