Dhamma

မြင့်မိုရ်တောင်နှင့် စကြာဝဠာ တည်ရှိပုံကို မှန်းဆတည်ထားသော မြသိန်းတန်စေတီ (မင်းကွန်း)

မြင့်မိုရ်တောင်နှင့် စကြာဝဠာ တည်ရှိပုံကို မှန်းဆတည်ထားသော မြသိန်းတန်စေတီ (မင်းကွန်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် သမိုင်းဝင် ရှေးဟောင်း မြသိန်းတန်စေတီတော်ကြီး တည်ရှိပါတယ်။မြသိန်းတန်စေတီတော်သည် ပုဂံပုထိုးတော်ကြီးတွေလိုပဲ အင်မတန်ရှေးကျလှပါတယ်။ မြသိန်းတန် စေတီတော်ဟာမြန်မာ့ဗိသုကာအနုပညာလက်ရာတစ်ခုအနေနဲ့ရော သမိုင်းဝင်လက်ရာမွန်တစ်ခုအနေနဲ့ပါ အလွန်အ ရေးပါလှပါတယ်။
​စေတီတော်တည် ဆောက်ခဲ့ပုံမှာ တာဝတိံသာ နတ်ပြည်ရှိ စုဠာမဏိစေတီတော်ကို ရည်မှန်း၍ လှူဒါန်းတည်ဆောက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ရှေးမြန်မာဘုရင်တို့၏ ဆန်းသစ်သော တွေးခေါ်မှု၊ ဆန်းကြယ် သော စီမံဆောင်ရွက်မှုများမှာ သမိုင်းထူ လိုသော လူသားတိုင်း အတွက် အတုယူ အားကြဖွယ်ရာပင် ဖြစ်သည်။

စေတီတော်ကြီး၏ အောက်ခြေမှ တရွေ့ရွေ့မြင့် တက်လာသော ရေလှိုင်းကွန့်သဏ္ဌာန် ပစ္စယာ ခုနှစ်ဆင့်မှာ သီတာ ခုနှစ်တန်၊ တောင်ရံ ခုနှစ်လုံးကို ရည်ရွယ်ထားသည်။ သတ္တမ ပစ္စယာမှာ ယုဂန္ဓိုရ် တောင်ထိပ်ကို ရည်ရွယ်၍ အလယ် ဗဟိုအမြင့် အုဋ္ဌ်ခုံမှာ အာလိန်ငါးဆင့် ပတ်လျှက် မြင်းမိုရ်တောင်ကို ရည်ရွယ်ထားသည်။ ၎င်းအာလိန်ငါးဆင့်တွင် ပထမအာလိန်၌ နဂါးများ၊ ဒုတိယ အာလိန်၌ ဂဠုန်များ၊ တတိယ အာလိန်၌ ဂုမ္ဘဏ်များ၊ စတုတ္ထအာလိန်၌ ယက္ခ၊ ရက္ခိုသ်များ၊ ပဉ္စမအာလိန်၌ ဂန္ဓဗ္ဗများ စောင့်ကြပ်ပြီး အာလိန် ငါးဆင့်မှ အထက် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၊ မြင်းမိုရ်တောင်ထိပ်ဖြစ်သည်။
အထက်၌ ဥမင်လိုဏ်ဂူအတွင်းဝယ် ပထမ ဘုရား ဒါယကာ အလောင်းစည်သူမင်း လှူဒါန်းပူဇော်အပ်သော ရှင်ဖြူရုပ်ပွားတော်ကြီး စံတော်မူသည်။ စေတီတော် ပတ်ပတ်လည်မှ ပြဿဒ်များမှာ သုံးကျိပ် သုံးဦးသော နတ်မှူးများ၏ ဗိမာန် များကို ရည်ရွယ်ထားသည်။ စောင်းတန်းသုံးသွယ်မှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ အဘိဓမ္မာတရားဟောပြီး လူ့ပြည် သင်္ကဿ နဂိုရ်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်းဟု စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းတော်မူ ပုံကို ရည်ရွယ် ထားသည်။

မူလဘုရား ဒါယကာ အလောင်း စည်သူမင်းနှင့် ဘုရားသမိုင်း ကြောင်းကို တိတိကျကျ ဖော်ပြခြင် းမရှိသော်လည်း ဒုတိယဘုရားဒါယကာ မြေးတော် စစ်ကိုင်းမင်းသားလေး သက်တော် (၁၂)နှစ်အရွယ် ၁၁၆၃ ခုနှစ်တွင် ဘုရားဒါယကာအဖြစ် ခံယူခဲ့ပါတယ်။
၁၁၆၄ ခု၊ တပို့တွဲလ တွင် ဆင်ဖြူမယ် မင်းသမီးလေးနှင့် လက်ထပ်ခဲ့ပြီး ၁၁၆၆ ခု၊ တန်ခူးလဆန်း(၁၅)ရက်၊ ကြာသပတေးနေ့တွင် မြသိန်းတန်စေတီကို စတင် တည်ဆောက်ခဲ့ပါတယ်။
ဝါဆိုလဆန်း(၂)ရက်၊ သောကြာ နေ့တွင် ဌာပနာပိတ်ပွဲ ကျင်းပပြီး ဌာပနာတိုက်ပေါင်း (၁၆)တိုက်ရှိပါတယ်။

ဌာပနာတော်သွင်း မင်္ဂလာပြုကြရာတွင် အိမ်ရှေ့စံ မင်းသမီးလေး ဆင်ဖြူမယ် ဝတ်ဆင်ထားသော တစ်သိန်းတန်မြရတနာကို ဌာပနာမှုအစွဲပြု၍ မြသိန်းတန်ဘုရားအမည်ဖြင့် တန်ခိုးကြီး ထူးခြားလှပါတယ်။
၁၁၆၉ ခုနှစ်တွင် ဘုရား ပြီးစီး၍ ပထမဝါဆို လပြည့်ကျော် (၁၄)ရက်၊ သောကြာနေ့တွင် အနေကဇာတင်၍ ရေစက်သွန်းချပွဲတော်ကြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။
စတေီတောျကွီးအောကျခွမှော အာလိနျ ငါးဆင့ျရှိပါတယျ။ အာလိနျငါးဆင့ျဆိုတာ နတျပွညျကို လာတိုကျခိုကျတဲ့ သူတှကေို ပွနျခံခတြဲ့ ခံတပျငါးခုဖွဈပွီး ပထမအဆင့ျမှာ နဂါးရုပျထု၊ ဒုတိယ အဆင့ျမှာ ဂဋ်ဌုနျရုပျထု၊ တတိယ အဆင့ျမှာ ဂုမ်ဘနျရုပျထု ၊ စတုတ်ထအဆင့ျမှာ ယက်ခဘီလူးနဲ့ ပဉ်စမအဆင့ျမှာ ဂန်ဓဗ်ဗလို့ ခေါျတဲ့ ရုပျထုတှရှေိပါတယျ။

အပေါ်မှာ အလောင်းစည်သူ မင်းကြီးတည်ခဲ့တဲ့ ကျောက်သားအဖြူ ဆင်းတုတော် ကြီးရှိပါတယ်။ ပြီးရင် ပတ်လည်ကာ ထားတဲ့ လက်ရန်းနေရာတွေမှာ နတ်ဗိမာန် ၃၃ ခု ပတ်လည်ပြည့်အောင်တည်ဆောက်ထားပါတယ်။
လှေခါးတက်တဲ့ စောင်းတန်းမှ ာတော့ ပတ္တမြား စောင်းတန်း၊ ဘေး က ရွှေစောင်းတန်း၊ ငွေစောင်းတန်းတွေနဲ့ တည်ဆောက်ထားပြီး စောင်းတန်းအပေါ်တွင် အနန္တငါးပါးကို ရည်ညွှန်းပြီး တည်ဆောက် ထားတဲ့ မုဒ်ဦးငါးခုရှိပါတယ်။

စေတီတော်၏ ဖိနပ်အချင်းမှာ (၂၁၄)တောင်၊ ဉာဏ်တော် အမြင့်မှာ (၃၂၁)ပေ ရှိပါတယ်။ပန်းရံဆရာ တွေရဲ့ အနုစိတ်လက်ရာတွေ ဆင်းတုတော်အသေးစိတ်လေးတွေ နတ်ရုပ်တွေ တကယ်ကို သဒ္ဒါတရားထက်သန်လှတဲ့ မြန်မာဘုရင် တွေရဲ့ ကုသိုလ်နဲ့ မြန်မာပညာရှင် တွေရဲ့ ပြောင်မြောက်တဲ့လက်ရာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
ဒီလို လက်ရာမြောက်တာ မြန်မာနိုင်ငံက မြသိန်းတန် စေတီနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းတွင်တည်ရှိသော ဗောရောဗုဓောစေတီတော်ကြီး နှစ်ဆူသာရှိပါတယ်။credit