Lifestyle

“ကိုဗစ်ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ (၁၀၀၀)ကျော် ပြင်ဆင် ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြေ

Zawgyi

“ကိုဗစ်ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ (၁၀၀၀)ကျော် ပြင်ဆင် ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော”။ ကိုဗစ် ၁၉ အလွန်ကာလမှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်၁၉ရောဂါနဲ့ပတ်သတ်ပြီး အသုံးပြုဖို့အတွက် သဘာဝဘေးအန္တရာယ် ရန်ပုံငွေအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အထွေထွေပိုလျှံငွေ ဘီလီယံ(၁၀၀၀)ကျော်ကို ပြင်ဆင်ထားတယ်လို့ ဒီနေ့စက်တင်ဘာလ ၂၁ရက် ည၈နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန်းခွန်းမှာ

ပြောကြားသွားခဲ့တာဖြစ်ပါတယ်၊ “ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ (၁၀၀၀)ကျော်၊ တစ်ဘီလီယံဆိုတာကတော့ သန်း (၁၀၀၀)ဆိုတာ ကျွန်မတို့ပြည်သူတွေသိပြီးသားပဲလို့ ထင်ပါတယ်၊ ဘီလီယံ(၁၀၀၀)ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး ကျွန်မတို့သတ်မှတ်လိုက်တယ်။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ်။ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ၊ တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။ တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ရင် အဲဒီရန်ပုံငွေထဲမှာ

သပ်သပ်ရှိပါတယ် အခုဘီလီယံ (၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်လို့”နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ကိုလည်း ကျန်းမာရေးဝန်ကြီးဟောင်းပါမောက္ခဒေါက်တာကျော်မြင့်ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဆေးရုံများလုံလုံလောက်လောက်ရှိစေရေး၊ ကွာရန်တင်းစင်တာတွေလုံလောက်စေရေး နဲ့ ဒီစင်တာတွေမှာ လိုအပ်တဲ့

စေတနာ့ဝန်ထမ်းများ၊ အခြားဝန်ထမ်းများနဲ့ ဆေးပစ္စည်း၊ ဆေးဝါးများ၊ အခြားပစ္စည်းများကိုလည်း လုံလောက်အောင် လက်တွေ့ကျကျလုပ်ဆောင်နေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ခရက်ဒစ်

Unicode

“ကိုဗစ်ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ (၁၀၀၀)ကျော် ပြင်ဆင် ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော”။ ကိုဗစ် ၁၉ အလွန်ကာလမှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်၁၉ရောဂါနဲ့ပတ်သတ်ပြီး အသုံးပြုဖို့အတွက် သဘာဝဘေးအန္တရာယ် ရန်ပုံငွေအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အထွေထွေပိုလျှံငွေ ဘီလီယံ(၁၀၀၀)ကျော်ကို ပြင်ဆင်ထားတယ်လို့ ဒီနေ့စက်တင်ဘာလ ၂၁ရက် ည၈နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန်းခွန်းမှာပြောကြားသွားခဲ့တာဖြစ်ပါတယ်၊ “ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ (၁၀၀၀)ကျော်၊ တစ်ဘီလီယံဆိုတာကတော့ သန်း (၁၀၀၀)ဆိုတာ ကျွန်မတို့ပြည်သူတွေသိပြီးသားပဲလို့ ထင်ပါတယ်၊ ဘီလီယံ(၁၀၀၀)ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး ကျွန်မတို့သတ်မှတ်လိုက်တယ်။

သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ်။ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ၊ တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။ တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ရင် အဲဒီရန်ပုံငွေထဲမှသပ်သပ်ရှိပါတယ် အခုဘီလီယံ (၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်လို့”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ကိုလည်း ကျန်းမာရေးဝန်ကြီးဟောင်း

ပါမောက္ခဒေါက်တာကျော်မြင့်ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဆေးရုံများလုံလုံလောက်လောက်ရှိစေရေး၊ ကွာရန်တင်းစင်တာတွေလုံလောက်စေရေး နဲ့ ဒီစင်တာတွေမှာ လိုအပ်တဲ့

စေတနာ့ဝန်ထမ်းများ၊ အခြားဝန်ထမ်းများနဲ့ ဆေးပစ္စည်း၊ ဆေးဝါးများ၊ အခြားပစ္စည်းများကိုလည်း လုံလောက်အောင် လက်တွေ့ကျကျလုပ်ဆောင်နေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ခရက်ဒစ်