Celebrities

ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း (၁၈) ကျောင်းအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ လှအဉ္ဇလီတင့်

ပရိသတ်အချစ်တော်မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာတော့ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူကာ ဘဝကိုရပ်တည်နေသူပါ။ ဘာသာ၊သာသနာရေးဘက်ကို ဦးစားပေးပြီးလုပ်နေသလို နေ့စဉ်နေ့တိုင်းလည်း မြတ်စွာဘုရားရှင်ကို သက်ရှိထင်ရှားဘုရားတစ်ဆူလိုစဉ်းစားပြီး ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိကာ သူ့ရဲ့အလှူလေးတွေကိုလည်း ပရိသတ်ကို မျှဝေပေးလျက်ရှိပါတယ်။

ဒီနေ့မှာတော့ အခုလိုကိုဗစ်ကာလမှာ ခက်ခဲနေကြမယ့် ဘုန်းကြီးကျောင်းတွေအတွက် စဉ်းစားမိပြီး အလှူလေးတစ်ခုပြုလုပ်ထားကြောင်း မျှဝေလာပါတယ်။ ဒီလိုကာလမှာ ကိုဗစ်ကပ်ရောဂါကြောင့်လူတိုင်း ပူပန်နေကြရတာအမှန်ပါ။ လူတွေက စုဆောင်းထားတာတွေရှိတတ်သေးပေမယ့် တချို့သော သံဃာတော်၊ ကိုရင်လေး၊သီလရှင် စတဲ့သာသနာ့ဝန်ထမ်းတွေအတွက် တွေးမယ်ဆိုရင် အနည်းစုအဆင်ပြေတဲ့ ကျောင်းတွေရှိသလို အဆင်မပြေတဲ့ကျောင်းတွေလည်း ရှိမှာပဲလို့ တွေးမိရင် နိုင်သလောက် နည်းသည်များသည်မဟုတ် လှူကြဖို့ တိုက်တွန်းခဲ့ပြီး

သူကိုယ်တိုင်လည်း ကျောင်း(၁၈) ကျောင်းစာအတွက် တစ်ကျောင်းစီကို ကြက်အူချောင်း၊ ပုန်းရည်ကြီး(၂) ပိဿာ၊ နှမ်းဖတ်ချဉ်ကြော်၊ မန်ကျည်းရွက်ချဉ်၊ မုန့်ဟင်းခါးအခြောက်ထုတ်တွေ ဒီနေ့မှာ လှူဒါန်းပေးသွားမှာဖြစ်ကြောင်း မျှဝေလာပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း “သူများတွေလှူနေတာပဲလို့ မတွက်ပါနဲ့.. ကိုယ်လှူမှ ကိုယ်ရတာပါ.. ဗုဒ္ဓဘာသာဝင်တွေအတွက် ကာလဒါနကုသိုလ်ဆိုတာ ယူတတ်ရင် ကုသိုလ်တွေ အများကြီးရပါတယ်” ဆိုတဲ့စာသားလေးနဲ့အတူ အခုလိုကာလမှာ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Source – Hla Inzali Tint
Rainbow- Cele Gabar

#credit