Celebrities

အပျော်အပါးတွေ နစ်မွန်းရင်း မလုပ်ဖူးတဲ့ အရာဆိုလို့ ဘိန်းနဲ့မိန်းမ လိုက်စားတာပဲ ရှိတော့တယ် ဆိုတဲ့

Zawgyi

ဟဲဗီးဖြိုးဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ အောင်မြင်မှု မှတ်တိုင်ရရှိပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တွေနဲ့ တီဗီကြော်ငြာတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။ ပရိသတ်ရင်ထဲကို ထိမှန်စေခဲ့တဲ့ ကာရိုက်တာကတော့ ဇော်ဂျီ ဇာတ်ကားနဲ့ ကျွန်မ နှင်းဆီပါ မောင် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဟဲဗီးဖြိုးကတော့ ကျွန်မ နှင်းဆီပါမောင်ဇာတ်ကားကြီးအပြီးမှာ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်ကာ ၂ နှစ်လောက် ပရိသတ်မြင်ကွင်းကနေပျောက်ကွယ်သွားခဲ့တာပါ ဒီလို ပျောက်ကွယ်သွားရတာဟာ ကမ်းလှမ်းမှုတွေနည်းပါးသွားခဲ့သလို အပျော်အပါးတွေမှာ နစ်မွန်းသွားခဲ့မိတာကြောင့်လည်းပါတယ်လို့ ဟဲဗီးဖြိုးက ဆိုလာခဲ့တာဖြစ်ပါတယ်

“အဓိကပျောက်နေရတာကတော့ ကျွန်မကနှင်းဆီပါမောင်အပြီးမှာ စပ်ကူးမတ်ကူးကာလ ဖြစ်သွားတဲ့အတွက် ကလေးသရုပ်ဆောင်တုန်းကလို ကမ်းလှမ်းမှုတွေမရှိတော့ဘူး ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း အပျော်အပါးတွေမှာ နစ်မွန်းမိတာကြောင့်လည်းပါတယ် ကျွန်တော့ဘဝမှာ မိန်းမနဲ့ဘိန်းကလွဲရင် ကျန်တာအကုန်လုပ်ဖူးတဲ့အထိ ဆိုးခဲ့မိတယ်” လို့ ဆိုလာခဲ့တာပါ

“ကျွန်တော်မသိလို့ လုပ်ခဲ့မိတာဖြစ်တဲ့အတွက် နောင်တတော့မရပါဘူး ကျွန်တော်နေထိုင်နေတဲ့ပတ်ဝန်းကျင် ကျင်လည်တဲ့အသိုင်းအဝိုင်းကြောင့်လည်းဖြစ်သွားခဲ့ရတာပေါ့ အလုပ်ပိုင်းဆိုင်ရာတွေလည်း ကျွန်တော်စိတ်မဝင်စားတော့ဘူး အခုကျွန်တော်သိတဲ့အချိန်မှာ ပြင်လိုက်ပါပြီ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်

ဟဲဗီးဖြိုးကတော့ သူလုပ်မိခဲ့တဲ့အမှားတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာပါနော် ဟဲဗီးဖြိုးပေါ်အမြင်လေးကိုလည်း ပြောခဲ့ကြပါအုန်းနော်။Shwe Yaung Myanmar