Knowledge

အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကပိတ်သိမ်းရန်ပြောထားသော်လည်းဆက်လက်ရောင်းချနေသောပဲခူးစျေး

Zawgyi

ပိတ်သိမ်းရန် အုပ်ချုပ်ရေးမှုးကိုယ်တိုင် ဈေးအတွင်းသို့ လိုက်လံ‌ကြေငြာထားသည့် ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက် ဘူတာ ၃ လမ်း ပျံကျဈေးကို ယနေ့နံက်ပိုင်းကမြင်တွေ့ရသည့်ပုံများဖြစ်ပါသည်။

ယင်းဈေးအပါအဝင် ပဲခူမြို့ပေါ်ရှိပျံကျဈေးများကို ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးမှ ပိတ်သိမ်းရန်အမိန့်ထုတ်ပြန်ထားပြီးမလိုက်နာပါက သဘာဝဘေးအန္တာရာယ်ဥပဒေဖြစ်အရေးယူမည်ဟု ယင်းအမိန့်တွင်ဖော်ပြထားပါသည်။

ပျံကျဈေးများဖွင့်လှစ်ခြင်းမရှိတော့သော်လည်း ဘူတာ ၃ လမ်းဈေးမှာစည်ပင်သာယာခွင့်ပြုသည်ဟုဆိုကာ နေ့စဉ်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု ဈေးသည်များမှပြောပါသည်။

ယခုကဲ့သို့ အထွေထွေအုပ်ချုပ်ရေးမှုး၏အမိန့်ကိုလိုက်နာခြင်းမရှိပဲ နေစဉ်ဈေးဆက်လက်ရောင်းချနေခြင်းအားအ‌ရေးယူခြင်းမရှိသည်နှင့်ပတ်သက်ပြီး

ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုမေးမြန်ရာ အရေးယူရန်အတွက်မြို့နယ်အုပ်ချုပ်ရေးမှုးထံတင်ပြထားပြီး မြို့နယ်အုပ်ချုပ်ရေးမှုးမှ အရေးယူရန်ညွှန်ကြားချက်မပေး၍ အရေးမယူခြင်းဖြစ်သည်ဟုပြန်လည်ဖြေကြားပါသည်။

ပဲခူးမြို့နဲ့ ပတ်ဝန်းကျင်မှာ Silent Carrier (ရောဂါပိုးသယ်ဆောင်သူများ ) တွေ ရှိနေပါပြီ.အထူးသတိထားကြပါဟု ပဲခူးတိုင်းကျန်းမာရေးဦးစီးမှုးဒေါက်တာရန်နိုင်မောင်က ယမန့်နေ့ညပဲခူးနေပြည်သူများအားအသိပေးပြောကြားထားသည်။
Credit:Bagoweekkyjournal

#credit