Celebrities

အိမ်ထဲကအိမ်ပြင်တင်မက အခန်းထဲကအခန်းပြင်ပါမထွက်ဘဲ သားလေးကို အနီးကပ်စောင့်ရှောက်နေတဲ့ မေမေမိုးယုစံ

လတ်တလော Stay Home ကာလတွေမှာတော့ လူတိုင်းအိမ်ထဲကအိမ်ပြင်မထွက်ဘဲ သတိ ဝီရိယရှိရှိနဲ့နေဖို့ နိုင်ငံတော်က ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီအချက်ကိုတော့ မိုးယုတို့မိသားစုက တော်တော်လေးကို လိုက်နာကြပုံပါပဲ။ အိမ်ထဲကအိမ်ပြင်တင်မကဘဲ တစ်အိမ်လုံးကလူတွေ အခန်းပြင်တောင်မထွက်ကြတော့ဘဲ အခန်းထဲမှာနေပြီး ကိုယ်တိုင်ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်နေခဲ့ကြပါ တယ်။

ဒုတိယရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေမိုးယုအတွက်ကတော့ ပိုပြီးဂရုစိုက်သင့်ပါတယ်။ အခန်းအပြင်မထွက်ဘဲ သားလေးနဲ့အတူတူနေနေရင်း သားလေးရဲ့ ဝေယျာဝစ္စတွေကိုလုပ်ပေးရင်း အချိန်ကုန်နေခဲ့တာပါ။ Stay Home ကာလတွေမှာ ကိုယ့်မိသားစုဝင်တွေနဲ့ပဲ အတူနေရတာများတော့ ပိုပြီးရင်းနှီးနွေးထွေးသလို ခံစားရမှာပါ။

ဒီအကြောင်းလေးကို ” ကလေးတွေလည်းသနားဖို့ကောင်းပါတယ် ခုချိန်ကျောင်းတတ် ခြံထဲကစား ကစားကွင်းမှာ သူငယ်ချင်းတွေနဲ့ ဆော့ရမှာ ခုတော့ အိမ်ထဲကအိမ်ပြင် မထွက်ရတာ တင်မဟုတ် အခန်းထဲက အခန်းပြင်ကိုမထွက်ဘဲ အခန်းထဲမှာပဲ စိတ်ချရအောင် တစ်အိမ်လုံး ကိုယ်အခန်းထဲပဲနေနေကြတာ အခန်ကျယ်လို့ပေါ့ သားသားတာဝန်အကုန် မာမီပဲလုပ်ရတော့ အရင်လိုသိပ်မနားရဘူး ကောင်းတာက မာမီလည်း exercise ဖြစ် သားသားလေးလည်း မာမီလေးနဲ့ ဒယ်ဒီတို့နဲ့ အချိန်ပြည့်တူတူနေရတာပေါ့ ” ဆိုပြီး မေမေမိုးယုက ပြောပြထားပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ်ထဲကအိမ်ပြင်တင်မက အခန်းထဲကအခန်းပြင်ပါမထွက်ဘဲ သားလေးကို အနီးကပ်စောင့်ရှောက်နေတဲ့ မေမေမိုးယုစံ

လတ်တလော Stay Home ကာလတွေမှာတော့ လူတိုင်းအိမ်ထဲကအိမ်ပြင်မထွက်ဘဲ သတိ ဝီရိယရှိရှိနဲ့နေဖို့ နိုင်ငံတော်က ထုတ်ပြန်ထား ခဲ့ပါတယ်။ ဒီအချက်ကိုတော့ မိုးယုတို့မိသားစုက တော်တော်လေးကို လိုက်နာကြပုံပါပဲ။ အိမ်ထဲကအိမ်ပြင်တင်မကဘဲ တစ်အိမ်လုံးက လူတွေ အခန်းပြင်တောင်မထွက်ကြတော့ဘဲ အခန်းထဲမှာနေပြီး ကိုယ်တိုင်ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်နေခဲ့ကြပါတယ်။

ဒုတိယရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေမိုးယုအတွက်ကတော့ ပိုပြီးဂရုစိုက်သင့်ပါတယ်။ အခန်းအပြင်မထွက်ဘဲ သားလေးနဲ့အတူတူနေနေရင်း သားလေးရဲ့ ဝေယျာဝစ္စတွေကိုလုပ်ပေးရင်း အချိန်ကုန်နေခဲ့တာပါ။ Stay Home ကာလတွေမှာ ကိုယ့်မိသားစုဝင်တွေနဲ့ပဲ အတူနေရတာများတော့ ပိုပြီးရင်းနှီးနွေးထွေးသလို ခံစားရမှာပါ။

ဒီအကြောင်းလေးကို ” ကလေးတွေလည်းသနားဖို့ကောင်းပါတယ် ခုချိန်ကျောင်းတတ် ခြံထဲကစား ကစားကွင်းမှာ သူငယ်ချင်းတွေနဲ့ဆော့ရမှာ ခုတော့ အိမ်ထဲကအိမ်ပြင် မထွက်ရတာ တင်မဟုတ် အခန်းထဲက အခန်းပြင်ကိုမထွက်ဘဲ အခန်းထဲမှာပဲ စိတ်ချရအောင် တစ်အိမ်လုံး ကိုယ်အခန်းထဲပဲနေနေကြတာ အခန်ကျယ်လို့ပေါ့ သားသားတာဝန်အကုန် မာမီပဲလုပ်ရတော့ အရင်လိုသိပ်မနားရဘူး ကောင်းတာက မာမီလည်း exercise ဖြစ် သားသားလေးလည်း မာမီလေးနဲ့ ဒယ်ဒီတို့နဲ့ အချိန်ပြည့်တူတူနေရတာပေါ့ ” ဆိုပြီး မေမေမိုးယုက ပြောပြထားပါ တယ်။credit