Celebrities

COVID-19ရောဂါပိုးဟာ သိပ်ကို ကြောက်စရာကောင်းပြီးမဖြစ်အောင်ကြိုတင်ကာကွယ်သင့်ကြောင်းသတိပေးစကားပြောလာတဲ့ နန္ဒာလှိုင်

Zawgyi

ပရိသတ်တွေရဲ့ အချစ်တွေကို ယနေ့ချိန်ထိ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီး န န္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝ လေး ကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးကလည်း အနုပညာ လောကမှ အပြီးတိုင် အနားယူသွားပြီး သမီးလေးတွေကိုသာ အချိန်အပြည့်အဝပေးနေတဲ့ နန္ဒာရဲ့ မိခင်စိတ်ကို အားကျနေကြတာလည်း ဖြစ်ပါတယ်။

နန္ဒာဟာ လတ်တလော Stay Home ကာလမှာ သမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို အတူဖြတ်သန်း ကုန်ဆုံးနေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမချစ်ရတဲ့ ပရိ သတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ရန် အမြဲတိုက်တွန်းပြောကြားနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း နန္ဒာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လတ်တလောမှာ ဖြစ် ပွားနေတဲ့ ရောဂါပိုးနဲ့ ပတ်သက်ပြီး မပေါ့သင့်ကြောင်း အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါ တယ်။

” Positive ဖြစ်နေတဲ့သူကိုကြောက်ရမှာထက်Positive ဖြစ်နေမှန်းမသိဘဲဘေးပတ်ဝန်း ကျင် ကို ကူး စက်သွားမှာကိုပိုကြောက်ရမှာပါ

ဒီရောဂါကအရမ်းကိုကြောက်စရာကောင်းပါ တယ် နေ့ မြင်ညပျောက် မဟုတ်ပါဘူး အခုမြင်အခုပျောက်ပါငယ်ရွယ်တယ် ကျန်းမာတယ် သန်စွမ်းတယ် ဆိုပြီး မပေါ့ဆပါနဲ့ရောဂါအခံတစ်ခုခုရှိသူတွေပိုအရေးကြီးပါတယ်

သတိထားကြပါ မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ ဖြစ်ပြီဆိုလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြပါ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nandar Hlaing’s Facebook Account

Unicode