ပရိသတ်အချစ်တော် ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့နှစ်ယောက်ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ် Stay Home ကာလစတင်ကတည်းက အချင်းချင်းစနောက်ပြီး ပရိသတ်တွေ မပျင်းရအောင် ဖန်တီးပေးနေသူတွေပါ။ ကိုဗစ် ပထမလှိုင်းအပြီးမှာလည်း အတူတူခရီးထွက်ရင်း သူတို့ရှာဖွေတွေ့ရှိသမျှ ပျော်စရာလေးတွေကို ပရိသတ်အတွက် မျှဝေပေးခဲ့ကြပါတယ်။
အခုအချိန်မှာတော့ ဒုတိယလှိုင်းပြန်လည်စတင်နေပြီမို့ အချင်းချင်းမတွေ့ဖြစ်ကြတော့ပေမယ့်လည်း ပရိသတ်အတွက် ပျော်စရာဖန်တီးပေးချင်သူတွေပီပီ တစ်ယောက်နဲ့တစ်ယောက် Video Call ခေါ်ကာ ဟာသလေးတွေပြောထားတာလေးကို ဗွီဒီယိုလေးနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီဗွီဒီယိုလေးကတော့ Stay Home ဆိုတဲ့စကား ဘယ်ကစလဲ ဆိုတာကို သူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေနဲ့ ဟာသဖောက်ထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…
ဒီဗွီဒီယိုလေးကိုတော့ ဒုတိယလှိုင်းအတွက် ပထမဆုံးဗွီဒီယိုလေးအနေနဲ့ တင်ဆက်ပေးထားတာဖြစ်ပြီး နောက်ထပ်လည်း ဗွီဒီယိုတွေဆက်လက်ရိုက်ကူးကာ မျှဝေပေးသွားဦးမှာပါတဲ့နော် .. ကိုဗစ် ဒုတိယလှိုင်းမှာ စိတ်ပူပန်စိုးရိမ်နေကြတဲ့ပရိသတ်ကြီး ဘဝအမောတွေပြေစေဖို့ ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ ဟာသဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source – Kyaw Kyaw Bo
Rainbow- Cele Gabar
#credit