Celebrities

ဘုန်းရှိန်ခန့်နဲ့ (၈) နှစ်တာ နွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့ကြောင်း ပုံလေးတွေနဲ့ပြောပြလာတဲ့ ဆောင်းဝတ်ရည်မေ

ဇာတ်လမ်းတွဲတွေမှာ မကြာခဏဆိုသလိုမြင်ရတတ်တဲ့ ဘုန်းရှိခန့်နဲ့ ဆောင်းဝတ်ရည်မေတို့ဟာ သူငယ်ချင်းကောင်းတွေအဖြစ်နဲ့ ယနေ့ထက်တိုင်ခင်မင်နေကြဆဲပါပဲ။ အလုပ်တွေအတူတူ လုပ်ခဲ့ကြတာ (၂၀၁၂) ကတည်းကဖြစ်ပြီး လက်ရှိ (၂၀၂၀) အထိ (၈) နှစ်ကြာခိုင်မြဲတဲ့ သံယောဇဉ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီရင်း သူငယ်ချင်းကောင်းတွေအဖြစ် ခင်မြင်နေကြဆဲ ပါပဲ။

ပထမဆုံးဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ ” The Sing of Love ” ဇာတ်ကားလေးထဲမှာ အတူတူတွဲသရုပ်ခဲ့ပြီး နောက်ထပ်လည်း အလုပ်တွေအတူတူလုပ်ခဲ့ကြတာ ယနေ့ထက်တိုင်ပါပဲ။ အလုပ်အတူတူလုပ်ရင်း ခင်မင်ရင်းနှီးခဲ့ကြပြီးနောက် တကယ့်မောင်နှမတွေလို နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးလေးတစ်ခုတည်ဆောက်နိုင်ခဲ့တာ နှစ်ယောက်လုံးအတွက် အမြတ်ပါပဲ။

သူမတို့နှစ်ယောက်ရဲ့ပုံလေးတွေကို ” ဒါဘယ်ဇာတ်လမ်းတွဲထဲက ဘယ်သူတွေလဲ ကလေးရုပ်လေးတွေပဲရှိသေး လွန်ခဲ့သော 2012 နှစ်ထဲကနေ 2020 ခုထိ 8 နှစ်တာအချိန်ကာလ အတူတူဖြတ်သန်းပြီး အလုပ်တွေ တူတူလုပ်လာကြတာ မောင်နှမတွေ ” ဆိုပြီး ဆောင်းဝတ်ရည်မေက ဝေမျှခဲ့ပါတယ်။ အနားမှာအချိန်ကြာကြာရှိတဲ့သူငယ်ချင်းဟာ တန်ဖိုးအရှိဆုံးပါပဲ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဘုန်းရှိန်ခန့်နဲ့ (၈) နှစ်တာ နွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့ကြောင်း ပုံလေးတွေနဲ့ပြောပြလာတဲ့ ဆောင်းဝတ်ရည်မေ

ဇာတ်လမ်းတွဲတွေမှာ မကြာခဏဆိုသလိုမြင်ရတတ်တဲ့ ဘုန်းရှိခန့်နဲ့ ဆောင်းဝတ်ရည်မေတို့ဟာ သူငယ်ချင်းကောင်းတွေ အဖြစ်နဲ့ ယနေ့ထက်တိုင်ခင်မင်နေကြဆဲပါပဲ။ အလုပ်တွေအတူတူ လုပ်ခဲ့ကြတာ (၂၀၁၂) ကတည်းကဖြစ်ပြီး လက်ရှိ (၂၀၂၀) အထိ (၈) နှစ်ကြာခိုင်မြဲတဲ့ သံယောဇဉ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီရင်း သူငယ်ချင်းကောင်းတွေ အဖြစ် ခင်မြင်နေကြဆဲပါပဲ။

ပထမဆုံးဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ ” The Sing of Love ” ဇာတ်ကားလေးထဲမှာ အတူတူတွဲသရုပ်ခဲ့ပြီး နောက်ထပ်လည်း အလုပ်တွေအတူတူလုပ်ခဲ့ကြတာ ယနေ့ထက်တိုင်ပါပဲ။ အလုပ်အတူတူလုပ်ရင်း ခင်မင်ရင်းနှီးခဲ့ကြပြီးနောက် တကယ့်မောင်နှ မတွေလို နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးလေးတစ်ခုတည်ဆောက်နိုင်ခဲ့တာ နှစ်ယောက်လုံးအတွက် အမြတ်ပါပဲ။

သူမတို့နှစ်ယောက်ရဲ့ပုံလေးတွေကို ” ဒါဘယ်ဇာတ်လမ်းတွဲထဲက ဘယ်သူတွေလဲ ကလေးရုပ်လေးတွေပဲရှိသေး လွန်ခဲ့သော 2012 နှစ်ထဲကနေ 2020 ခုထိ 8 နှစ်တာအချိန်ကာလ အတူတူဖြတ်သန်းပြီး အလုပ်တွေ တူတူလုပ်လာကြတာ မောင်နှမတွေ ” ဆိုပြီး ဆောင်းဝတ်ရည်မေက ဝေမျှခဲ့ပါတယ်။ အနားမှာအချိန်ကြာကြာရှိတဲ့သူငယ်ချင်းဟာ တန်ဖိုးအရှိဆုံးပါပဲ။credit