Celebrities

အိမ်မှာနေရင်းပျော်ပျော်ရွှင်ရွှင်ရေစိမ်ပြီး ကစားနေကြတဲ့ အာဇာနည်တို့ သားအဖလေးယောက်

Stay Home ကာလတွေဆိုတော့ အိမ်မှာပဲအနေများတာကြောင့် သားသမီးလေးတွေ ပျော်ရွှင်စေ ဖို့ ဖေဖေအာဇာနည်က လေထိုးရေကူးကန်ထဲမှာ အားလုံးနဲ့အတူတူစိမ်ပြီး ကစားခဲ့ပါတယ်။ ပုံမှန်အမြဲလိုလို သားအမိ သားအဖ လေးယောက်သား ရေစိမ်ကြပေမယ့် သမီးလေးက မစ်မစ်တုန်ကတော့လေးလပြည့်တဲ့နေ့မှပဲ မိသားစုနဲ့အတူတူ ပထမဆုံးအကြိမ် ရေစိမ်ဖူးတာ ဖြစ်ပါတယ်။

ချစ်ချစ်လေးကလည်း ဖေဖေ့လက်စွမ်းနဲ့ ကတုံးလေးဖြစ်သွားခဲ့ပြီး အကိုကြီးဖစ်ဖစ်ကလည်း ကြက်ဥပေါင်းတွေပေါင်းတတ်နေခဲ့ပါပြီ။ မိသားစုကိုချစ်ပြီး တန်ဖိုးထားတဲ့ဖေဖေအာဇာနည်နဲ့ ဇနီးကောင်း၊ မိခင်ကောင်းပီသတဲ့ မေမေဝမ်းတို့ရဲ့ ပျော်ရွှင်စရာအရိပ်အမြုံလေးမှာ သားသမီးသုံးယောက်လုံးက အေးချမ်းနေခဲ့ပါတယ်။

သားအဖလေးယောက်ရဲ့ ချစ်စရာပုံလေးတွေကို ” ဒီနေ့လေးမှာ ချစ်လေးကို ကိုယ်တိုင်ကတုံး တုံးပြီး မစ်လေးက လေးလမှာ ပထမဆုံးရေစိမ် ဖစ်ကြီးကတော့ကြက်ဥပေါင်း ပေါင်းပါတယ် ခင်ဗျာ ” ဆိုပြီး ဖေဖေအာဇာနည်က ဝေမျှခဲ့ပါတယ်။ တစ်ယောက် တစ်မျိုး ချစ်စရာကောင်း လွန်းတဲ့ ကလေးသုံးယောက်ကို ပရိသတ်တွေကလည်း အချစ်ပိုခဲ့ကြပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ်မှာနေရင်းပျော်ပျော်ရွှင်ရွှင်ရေစိမ်ပြီး ကစားနေကြတဲ့ အာဇာနည်တို့ သားအဖလေးယောက်

Stay Home ကာလတွေဆိုတော့ အိမ်မှာပဲအနေများတာကြောင့် သားသမီးလေးတွေ ပျော်ရွှင်စေ ဖို့ ဖေဖေအာဇာနည်က လေထိုးရေကူးကန်ထဲမှာ အားလုံးနဲ့အတူတူစိမ်ပြီး ကစားခဲ့ပါတယ်။ ပုံမှန်အမြဲလိုလို သားအမိ သားအဖ လေးယောက်သားရေစိမ်ကြေ ပမယ့် သမီးလေးက မစ်မစ်တုန်ကတော့လေးလပြည့်တဲ့နေ့မှပဲ မိသားစုနဲ့အတူတူ ပထမဆုံးအကြိမ် ရေစိမ်ဖူးတာ ဖြစ်ပါတယ်။

ချစ်ချစ်လေးကလည်း ဖေဖေ့လက်စွမ်းနဲ့ ကတုံးလေးဖြစ်သွားခဲ့ပြီး အကိုကြီးဖစ်ဖစ်ကလည်း ကြက်ဥပေါင်းတွေပေါင်း တတ်နေခဲ့ပါပြီ။ မိသားစုကိုချစ်ပြီး တန်ဖိုးထားတဲ့ဖေဖေအာဇာနည်နဲ့ ဇနီးကောင်း၊ မိခင်ကောင်းပီသတဲ့ မေမေဝမ်းတို့ရဲ့ ပျော်ရွှင်စရာအရိပ်အမြုံလေးမှာ သားသမီးသုံးယောက်လုံးက အေးချမ်းနေခဲ့ပါတယ်။

သားအဖလေးယောက်ရဲ့ ချစ်စရာပုံလေးတွေကို ” ဒီနေ့လေးမှာ ချစ်လေးကို ကိုယ်တိုင်ကတုံး တုံးပြီး မစ်လေးက လေးလမှာ ပထမဆုံးရေစိမ် ဖစ်ကြီးကတော့ကြက်ဥပေါင်း ပေါင်းပါတယ် ခင်ဗျာ ” ဆိုပြီး ဖေဖေအာဇာနည်က ဝေမျှခဲ့ပါတယ်။ တစ်ယောက်တစ်မျိုး ချစ်စရာကောင်း လွန်းတဲ့ ကလေးသုံးယောက်ကို ပရိသတ်တွေကလည်း အချစ်ပိုခဲ့ကြပါတယ်။credit