Celebrities

၁၉၉၀ ဝန်းကျင်တုန်းက ကြော်ငြာရိုက်ကူးခဲ့တဲ့ သူမရဲ့ရိုက်ကွင်းပုံတွေကို ဝေမျှလိုက်တဲ့ ထက်ထက်မိုးဦး

လွန်ခဲ့သောနှစ်များစွာက ကြော်ငြာဘုရင်မတစ်ယောက်လို့တောင် အားလုံးကတင်စားခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ထက်ထက်မိုးဦး တစ်ယောက် သူမကြော်ငြာရိုက်ကူးခဲ့စဉ်က အမှတ်တရ ရိုက်ကွင်းပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ သူမ ကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းဟာ ရောင်းမလောက်ဖြစ်ခဲ့ပြီး ကြော်ငြာတိုင်းဟာလည်း အောင်မြင်ခဲ့တာမို့ အရမ်းကိုနာမည်ကြီးခဲ့တာ အားလုံးအသိ ပါပဲ။

အောင်မြင်မှုတွေဟာ အခုချိန်ထိတည်မြဲနေခဲ့ပြီး ထက်ထက်ကိုချစ်ကြတဲ့ပရိသတ်တွေလည်း အများအပြားပါပဲ။ အသက်အရွယ် ရလာတာနဲ့အမျှ ရောဂါတွေရှိလာခဲ့ပြီး လက်ရှိမှာလည်း ရောဂါကြောင့် ဆေးဝါးတွေမှီဝဲနေရပြီး ဒီဆေးတွေကြောင့်ပဲ ကိုယ်အလေးချိန် မြင့်တက်ခဲ့ပါ တယ်။ သူမကို အရင်လို သွယ်လျလျလေးမြင်ချင်ကြတဲ့ပရိသတ်တွေက ဝိတ်လေးလျော့ဖို့ ပြောကြပေမယ့် ထက်ထက် ကတော့ ဆေးတွေသောက်နေရလို့ အလွယ်တကူမလျော့နိုင်ခဲ့ပါဘူး။

ဒီအတွက်ကြောင့်စိတ်မကောင်းဖြစ်ရကြောင့်ရင်ဖွင့်တဲ့အခါ ပရိသတ်တွေက ဘယ်လိုပဲဖြစ်ဖြစ် ချစ်ကြောင်းနဲ့ ကျန်းမာရေးကိုပဲဂရုစိုက်ဖို့ အားပေးစကားပြောခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ အချစ်ဟာ အနုပညာရှင်တွေအတွက်အားပေးတစ်ခုပါပဲ။ ရိုက်ကွင်းပုံရိပ်ဟောင်း တစ်ချို့ကို ” လှိုင်းတက် အချိုရည်နဲ့ ထွက်ကုန်များရိုက်ကွင်း။ ကူညီစောင့်ရှောက်သူများရဲ့ ကျေးဇူးကိုလဲ ယနေ့ချိန်ထိ မမေ့နိုင်သေးပါရှင့် ” ဆိုပြီး ထက်ထက်က အမှတ်တရ တင်ခဲ့တာပါ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

၁၉၉၀ ဝန်းကျင်တုန်းက ကြော်ငြာရိုက်ကူးခဲ့တဲ့ သူမရဲ့ရိုက်ကွင်းပုံတွေကို ဝေမျှလိုက်တဲ့ ထက်ထက်မိုးဦး

လွန်ခဲ့သောနှစ်များစွာက ကြော်ငြာဘုရင်မတစ်ယောက်လို့တောင် အားလုံးကတင်စားခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ထက်ထက်မိုးဦး တစ်ယောက် သူမကြော်ငြာရိုက်ကူးခဲ့စဉ်က အမှတ်တရ ရိုက်ကွင်းပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ သူမ ကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းဟာ ရောင်းမလောက်ဖြစ်ခဲ့ပြီး ကြော်ငြာတိုင်းဟာလည်း အောင်မြင်ခဲ့တာမို့ အရမ်းကိုနာမည်ကြီးခဲ့တာ အားလုံးအသိပါပဲ။

အောင်မြင်မှုတွေဟာ အခုချိန်ထိတည်မြဲနေခဲ့ပြီး ထက်ထက်ကိုချစ်ကြတဲ့ပရိသတ်တွေလည်း အများအပြားပါပဲ။ အသက်အရွယ်ရလာတာ နဲ့အမျှ ရောဂါတွေရှိလာခဲ့ပြီး လက်ရှိမှာလည်း ရောဂါကြောင့် ဆေးဝါးတွေမှီဝဲနေရပြီး ဒီဆေးတွေကြောင့်ပဲ ကိုယ်အလေးချိန်မြင့်တက်ခဲ့ပါ တယ်။ သူမကို အရင်လို သွယ်လျလျလေးမြင်ချင်ကြတဲ့ပရိသတ်တွေက ဝိတ်လေးလျော့ဖို့ ပြောကြေ ပမယ့် ထက်ထက်ကတော့ ဆေးတွေသောက်နေရလို့ အလွယ်တကူမလျော့နိုင်ခဲ့ပါ ဘူး။

ဒီအတွက်ကြောင့်စိတ်မကောင်းဖြစ်ရကြောင့်ရင်ဖွင့်တဲ့အခါ ပရိသတ်တွေက ဘယ်လိုပဲဖြစ်ဖြစ် ချစ်ကြောင်းနဲ့ ကျန်းမာရေးကိုပဲဂရုစိုက်ဖို့ အားပေးစကားပြောခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ အချစ်ဟာ အနုပညာရှင်တွေ အတွက်အား ပေးတစ်ခုပါပဲ။ ရိုက်ကွင်းပုံရိပ်ဟောင်းတစ်ချို့ကို ” လှိုင်းတက် အချိုရည်နဲ့ ထွက်ကုန်များရိုက်ကွင်း။ ကူညီစောင့်ရှောက်သူများရဲ့ ကျေးဇူးကိုလဲ ယနေ့ချိန်ထိ မမေ့နိုင်သေးပါရှင့် ” ဆိုပြီး ထက်ထက်က အမှတ်တရ တင်ခဲ့တာပါ။credit