Knowledge

အနောက်နိုင်ငံတွေတောင် တန်ဖိုးထားပြသကြတဲ့ မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့ စေတီပုထိုးဘုရားများ

Zawgyi

ဂျာမနီနိုင်ငံမှာရှိတဲ့ပြတိုက်တစ်ခုတွင်မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့စေတီပုထိုးများကိုတန်ဖိုးထားဖော်ပြထားပါတယ်။ထိုအ‌ ‌ကြောင်းကို ဆရာဦးသက်‌ ဆွေကယခုကဲ့သို့ပြောကြားထားပါတယ်။

ဒီနေ့ Munich ရောက်တော့ Museum Funf Kontinente မှာပြနေတဲ့ Myanmar of Pagodas, Longyis and Nat Sprits ကိုသွားကြည့်ဖြစ်ခဲ့တယ်။

ခင်းကျင်းပြသထားတာအတော်လေးအတုယူဖို့ကောင်းပါတယ်။ Textile ပက်သက်တဲ့ ပြခန်းမှာဆိုရင် ပြူတင်းပေါက်နား သွားလိုက်တာနဲ့ ယက္ကန်းခတ်သံ ကြားရအောင်လုပ်ပေးထားတယ်။ ရုပ်သေးရုပ်ပြခန်းဆိုရင် ရုပ်သေးရုပ်ကတဲ့အခါ ရုပ်သေးရုပ်ကလေးတွေ ရဲ့ခြေထောက်နဲ့ ကြမ်းပြင်ထိသံလေးတွေ ကြားရအောင်လုပ်ပေးထားတယ်။

ပြထားတဲ့ရုပ်သေးရုပ်တွေက တကယ့်ကို အဟောင်းတွေဖြစ်တဲ့အပြင် ရုပ်သေးရုပ် ၂၈ ရုပ်စလုံး စုံအောင်ပြထားနိူင်တာ အံဩစရာပါ။ ထူးခြားတဲ့ပန်းပုရုပ်ထု ၃ ခုကတော့ အံဩစရာပါ။

အရုပ်က ကြီးပြီးမှန်ခံနေတော့ ဖုန်းနဲ့ဓါတ်ပုံရိုက်ရ အဆင်မပြေလို ကင်မရာနဲ့ပိုင်းပြီးရိုက်ထားတာပါတယ် ကြုံမှပဲ post တင်ပေးပါ့မယ် ကျွန်တော့အထင်မမှားဘူးဆိုရင် ပုဂံခေါတ်နှောင်ပိုင်းလက်ရာတွေ ဖြစ်ဖို့များတယ်။

အံဩစရာကောင်းတာက German မိဘတွေက သူတို့ကလေးတွေခေါ်လာပြီး ကျွန်တော်တို့ ယဉ်ကျေးမှု့အကြောင်းကို သူတို့ကလေးတွေကို လေ့လာစေတာပါ။

ကျွန်တော်တို့ဆီက မိဘတွေက ကိုယ်တိုင်းလည်း ကိုယ်ယဉ်ကျေးမှု့အကြောင်းမသိ၊ ကလေးတွေကိုလည်း လေ့လာဖို့ မသွန်သင်။ တခြားလူမျိူးတွေရဲ့ ယဉ်ကျေးမှုကို သိဖို့ဆိုတာ ဝေလာဝေးပါ။

အဲဒီတော့ generation by generation က နိုမ့်ကျနေအုံးမှာပါဟု‌ ပြောကြားထားပါတယ်။ အဲ့ဒါကြောင့်လူကြီးမိဘများအနေနဲ့ကိုယ့်သား သမီးတွေကို အသိညာဏ် ဗဟုသုတများများရအောင်လုပ်ပေးသင့်ကြောင်းတိုက်တွန်းအပ်ပါသည်။

Source: History of Myanmar

Unicode