Celebrities

လိမ်ပြောတဲ့ လူနာတစ်ယောက် ကြောင့်…

Zawgyi

ကျွန်တော် Q ဝင်တာ covid ကြောင့် ဆုံးသွားတဲ့ လူနာနံပါတ် ၂၁၆၅ နဲ့ contact ဖြစ်မိလို့ပါ။ အဖြစ်အပျက် ပြန်ပြောင်းပြောရရင် လူနာက အမျိုးသမီး၊ သူ့ယောက်ကျားနဲ့အတူ ကျောက်ကပ်မကောင်း လို့ဆေးရုံ လာတာပါ။

သူတို့ကို နာမည်စမေးကထဲက အသံနားထောင်လိုက်တာနဲ့ ရခိုင်မှန်းတန်းသိပါတယ်။ ဒါပေမဲ့ ဆက်မေးတော့ သူတို့ ၂ လပိုင်းထဲက ရန်ကုန်ကိုအလုပ်လုပ်ဖို့ရောက်နေကြောင်း ၊ နေတာက မင်္ဂလာဒုံမှာ နေကြောင်း၊ ရခိုင်မှဆွေမျိုးသားချင်းများနဲ့ ရန်ကုန်ရောက်ကထဲက လုံးဝမတွေ့ကြောင်း ပြောပါတယ်။

စိတ်ထဲ ဘဝင်မကျပေမဲ့ ထပ်ကာမေးလဲ ဒီအတိုင်းဖြေတာရယ် ပုံစံလေးက နွမ်းပါးတဲ့ပုံစံဖြစ်နေတာကြောင့် သနားပြီး ပုလိပ်စစ်မစစ်ပဲ လိုအပ်တဲ့ကုသမှုလုပ်ပေးခဲ့ပါတယ်။ လူနာက ရင်ဘတ် ဓာတ်မှန် ၄ ရက်နေ့ရိုက် တော့ အကောင်းကြီးပါ။ ၆ ရက်နေ့ကစပြီးချောင်းဆိုး တော့ ၇ ရက်နေ့မှာ ဓာတ်မှန်ရိုက်တော့ အလွန်ဆိုးနေ တာတွေ့ရပါတယ်။

အဲ့နေ့ညမှာ ချောင်းဆိုးပြီး သွေးပါတာ ၂၀၀ စီစီလောက်ထိပါတော့ အရေးပေါ် သင်္ဃန်းကျွန်းဆေးရုံ ညတွင်းလွှဲဖို့လိုအပ်လာပါတယ်။ အဲ့တော့မှ လူနာရှင်အမျိုးသားက ဝန်ခံတာ ကျောက်တော်မှာ ‌ပိုးတွေ့လို့ဆေးကုမရမှာစိုးလို့ ရန်ကုန်ကို ၇လပိုင်းအကုန်မှရောက်တာဖြစ်ကြောင်းဝန်ခံပါတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော် level 2 PPE ဝတ်ပေမဲ့ ကျန်းဝန် policy အရ Q စဝင်ရပါတယ်။

ကျွန်တော် Q စဝင်တော့ စိတ်ထဲ တရားမှတ်ပေမဲ့ ပြီးရင် အဲ့လင်မယားကို တော်တော်စိတ်ဆိုးပါတယ်။ အလုပ်ပျက်၊ အနေအစားပျက်လေလေ လိမ်တဲ့အဲ့လင်မယားမျက်နှာပဲ စိတ်ထဲကဒေါသနဲ့ပေါ်လာပါတယ်။

နောက်ပိုင်း စိတ်ကဘာဖြစ်လာလဲဆိုတော့ ရခိုင်လူမျိုးတွေ အတ္တကြီးလှပါလား။ အစိုးရက ‌Q ဝင်ဖို့ခေါ် တာတောင် မလာဘူး။ တော်တော်ယုတ်မာတာပဲ ဆိုပြီး လူမျိုးနဲ့ ချီပြီး ဒေါသ ထွက်လာတာပါ။

အဲ့စိတ်ကို အခု Q ဝင်နေရတဲ့ အချိန် ဖျောက်ရတာ အရမ်းခက်ပါတယ်။ ဒါပေမဲ့ ခု Q ဝင်နေရတဲ့အချိန် တရားလဲနာ ၊တရားလဲမှတ်ဖြစ်တော့ ခုဖျောက်လို့ရပါပြီ။ စိတ်ထဲလဲ အဲ့လင်မယားကို ခွင့်လွှတ်ပါတော့တယ်။ နောက်ဆုံး အားလုံး ကံ ကံ၏ အကျိုးလို့ နှလုံးပိုက်လိုက်ပါတော့တယ်။ မနေ့က ဆုံးသွားတဲ့လူနာရဲ့ အမျိုးသားကို ဆက်ပြီးပါပြီ။

သူနားလည်အောင်ပြောပြတော့ သူငိုပြီး တောင်းပန်ပါတယ်။လုံးဝအပြစ်မတင်ပါ။နောင်အဲ့လို မလိမ်ဖို့ရယ်။ လိမ်တာကြောင့် အချိန်မှီကုသမှုမခံယူတော့ လူနာအတွက်ဆိုးကျိုးသာရှိကြောင်း၊ မိန်းမဆုံးလို့ စိတ်ဓာတ်မကျပဲ ကလေးကို သေချာဂရုစိုက်ဖို့ပဲပြောပြတာပါ။ သူကိုယ်တိုင်ကလဲ ယခု ပိုးတွေ့လူနာ အဖြစ်နဲ့ ဖောင်ကြီးရောက်နေပြီး ၅ နှစ်အရွယ်ကလေးတစ်ဦးနဲ့ ချို့တဲ့စွာကျန်ခဲ့တာပါ။

နောက်ဆုံးကျွန်တော် အားလုံးကိုခွင့်လွှတ်တဲ့ အပြင်သူ့ကိုလည်း မိမိတတ်နိုင်တဲ့ ပမာဏ ထောက်ပံ့စရိတ် အလှူအဖြစ်ငွေ ၅သောင်းလွှဲပေးမယ်ဆိုတာပြောပြီးပါပြီ။ ကိုယ့်စိတ်ကို ပြင်နိုင်လို့လဲ စိတ်ချမ်းသာပါတယ်။

အောက်ကပုံလေးတွေက ၄ ရက်အတွင်း ရင်ဘတ်ဓာတ်မှန်ဘယ်လို ဆိုးသွားကြောင်းပြပြီး မကြောက်သေးတဲ့သူတွေ covid ကိုကြောက်ဖို့၊ ကာကွယ်ဖို့ အဓိက ရည်ရွယ်တာပါ။

လူနာကတော့ အရေပြားလေးဘက်နာနဲ့ ကျောက်ကပ်မကောင်းတာ အခံရှိပြီး ကိုယ်ခံအားချတဲ့ ဆေးသောက်တာကြောင့်လဲပါမှာပါ။ လူနာရဲ့ privacy ကြောင့် အချို့အရာများမဖော်ပြနိုင်ပါ။

Edited ကျွန်တော် Swab စစ်ပြီးပါပြီ။ Negative ပါ။ Credit Dr Nyan Lin Phyo

Unicode