Celebrities

Mask မတပ်သူတွေကို အပြစ်ပေးသည့်အနေဖြင့် အသုဘကျင်းများ အတူးခိုင်းသည့် အင်ဒိုနီးရှား

Zawgyi

အရှေ.တောင် အာရှထဲကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ အခြားသော နိုင်ငံတွေထက် ထူးခြားပါတယ်။ သူတို့က ဧပြီလကတည်းက သရဲခြောက်တယ်လို့ ဒေသခံတွေ ယုံကြည်ကြတဲ့ စွန်ပစ် အဆောက်အဦးတွေကိုတောင် Quarantine စင်တာအဖြစ် ထားပြီး သံသယရှိသူတွေကို စောင့်ကြည့်အနေနဲ့ ထားပါတယ်။

အခု ဖြစ်စဉ်ကတော့ အရှေ.ဂျာဗားက လူရှစ်ဦးဟာ လူကြားထဲမှာ Mask တပ်ဆင်ထားခြင်း မရှိတာကြောင့် ဒေသအာဏာပိုင်တွေက ကိုဗစ်နဲ့ပတ်သတ်တဲ့ စည်းကမ်းကို ဖောက်ဖျက်တယ်ဆိုပြီး အပြစ်ပေးခဲ့တာပါ ။ အပြစ်ပေးပုံကတော့ ဒီလူရှစ်ဦးကို ကိုဗစ်နဲ့ကွယ်လွန်သူတွေကို မြုပ်ဖို့ အသုဘကျင်းတွေ တူးခိုင်းတဲ့ ပြစ်ဒဏ်ပါပဲ ။

ဒီလိုပြစ်ဒဏ်ပေးရတာဟာ လူတွေကို ကိုဗစ်ရောဂါဟာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလည်းဆိုတာကို သိစေချင်လို့ ဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးမှုး ဆူယိုနိုက ဆိုပါတယ်။

Unicode

Mask မတပ်သူတွေကို အပြစ်ပေးသည့်အနေဖြင့် အသုဘကျင်းများ အတူးခိုင်းသည့် အင်ဒိုနီးရှား

အရှေ.တောင် အာရှထဲကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ အခြားသော နိုင်ငံတွေထက် ထူးခြားပါတယ်။ သူတို့က ဧပြီလကတည်းက သရဲခြောက်တယ်လို့ ဒေသခံတွေ ယုံကြည်ကြတဲ့ စွန်ပစ် အဆောက်အဦးတွေကိုတောင် Quarantine စင်တာအဖြစ် ထားပြီး သံသယရှိသူတွေကို စောင့်ကြည့်အနေနဲ့ ထားပါတယ်။

အခု ဖြစ်စဉ်ကတော့ အရှေ.ဂျာဗားက လူရှစ်ဦးဟာ လူကြားထဲမှာ Mask တပ်ဆင်ထားခြင်း မရှိတာကြောင့် ဒေသအာဏာပိုင်တွေက ကိုဗစ်နဲ့ပတ်သတ်တဲ့ စည်းကမ်းကို ဖောက်ဖျက်တယ်ဆိုပြီး အပြစ်ပေးခဲ့တာပါ ။ အပြစ်ပေးပုံကတော့ ဒီလူရှစ်ဦးကို ကိုဗစ်နဲ့ကွယ်လွန်သူတွေကို မြုပ်ဖို့ အသုဘကျင်းတွေ တူးခိုင်းတဲ့ ပြစ်ဒဏ်ပါပဲ ။

ဒီလိုပြစ်ဒဏ်ပေးရတာဟာ လူတွေကို ကိုဗစ်ရောဂါဟာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလည်းဆိုတာကို သိစေချင်လို့ ဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးမှုး ဆူယိုနိုက ဆိုပါတယ်။credit