Celebrities

မြွေတစ်ကောင်က မိမိကိုတစ်လအတွင်း ရှစ်ကြိမ်ပေါက်သည်ဟုဆိုကာ ထိတ်လန့်တုန်လှုပ်နေသော လူငယ်လေး

Zawgyi

မြွေတစ်ကောင်က မိမိကိုတစ်လအတွင်း ရှစ်ကြိမ်ပေါက်သည်ဟု လူငယ်လေးကဆိုကာ ထိတ်လန့်တုန်လှုပ်နေ

အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည် နယ်တွင် နေထိုင်သည့် အသက် ၁၇ နှစ် အရွယ် လူငယ်လေးက ၎င်းကို မြွေတစ်ကောင်တည်းက တစ်လတည်းအတွင်း ရှစ်ကြိမ်တိုင်တိုင် ပေါက်သည်ဟုဆိုကာ အကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေသည်။

ထိုမြွေက အဘယ်ကြောင့် ထို လူငယ်လေးကိုသာ ပစ်မှတ်ထားပြီး ရန်မူနေရသနည်းဆိုသည်ကို မသိရသေးပေ။ မိမိသား၏အဖြစ်ကို သိလိုက်ပြီးနောက် သားကို ကျေးလက်ဆေးခန်းရှိဆရာဝန် နှင့်သွားပြကာ ကုသပေးခဲ့ကြောင်း၊ မြွေဖမ်းနိုင်ရန်အတွက် မြွေအလမ္ပာယ်ဆရာ များလည်း ခေါ်ပြီး လုပ်ခဲ့သေးကြောင်း သို့ သော်လည်း မရကြောင်း ဖခင်ဖြစ်သူက ပြောသညျ

သားဖြစ်သူ သုံးကြိမ်မြောက် မြွေပေါက်ခံရပြီးနောက်တွင် မိသားစုက ၎င်းင်းတို့သားကို အနီးနားရွာရှိဆွေမျိုးအိမ်ပို့လိုက်သည်။ သို့သော် မြွေက ထိုအိမ်အ ထိလိုက်ကာ လူငယ်လေးကို ပေါက်ပြန်သည်။ ထို့ကြောင့် ကောင်လေးသည် ဆေးရုံတက်ပြီးကုရပြန်သည်။

ထိုလူငယ် လေးသည် သြဂုတ်လ ၂၅ ရက်တွင် ရှစ် ကြိမ်မြောက်အပေါက်ခံခဲ့ရသည်။ တစ်လ အတွင်း ရှစ်ကြိမ်ဆက်တိုက် မြွေပေါက်ခံ ရသဖြင့် လူငယ်လေးလည်း ထိတ်လန့် တုန်လှုပ်နေပြီဖြစ်ကြောင်းသိရသည်။

၎င်းကို ပေါက်သည့်မြွေသည် တစ်ကောင် တည်းဖြစ်ကြောင်း လူငယ်လေး မည်သို့ သိသနည်းဆိုသည်ကို သတင်းတွင် ထည့်ဖော်ပြမထားပေ။ အကြိမ်ကြိမ် မြွေပေါက်ခံရသော်လည်း လူငယ်လေး မသေသည်ကို ကြည့်လျှင် ပေါက်သည့်မြွေသည် အဆိပ် ရှိသည့် မြွေမဟုတ်ဟု ယူဆရသည်။source : Pyi Myanmar

Unicode

မြွေတစ်ကောင်က မိမိကိုတစ်လအတွင်း ရှစ်ကြိမ်ပေါက်သည်ဟု လူငယ်လေးကဆိုကာ ထိတ်လန့်တုန်လှုပ်နေ

အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည် နယ်တွင် နေထိုင်သည့် အသက် ၁၇ နှစ် အရွယ် လူငယ်လေးက ၎င်းကို မြွေတစ်ကောင်တည်းက တစ်လတည်းအတွင်း ရှစ်ကြိမ်တိုင်တိုင် ပေါက်သည်ဟုဆိုကာ အ ကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေသည် ။

ထိုမြွေက အဘယ်ကြောင့် ထို လူငယ်လေးကိုသာ ပစ်မှတ်ထားပြီး ရန်မူနေရသနည်းဆိုသည်ကို မသိရသေးပေ။ မိမိသား၏အဖြစ်ကို သိလိုက်ပြီးနောက်သားကို ကျေးလက်ဆေးခန်းရှိ ဆရာဝန်နှင့်သွားပြကာ ကုသပေးခဲ့ကြောင်း၊ မြွေဖမ်းနိုင်ရန်အတွက် မြွေအလမ္ပာယ်ဆရာ များလည်း ခေါ်ပြီး လုပ်ခဲ့သေးကြောင်း သို့ သော်လည်း မရကြောင်း ဖခင်ဖြစ်သူက ပြောသည်။

သားဖြစ်သူ သုံးကြိမ်မြောက် မြွေပေါက်ခံရပြီးနောက်တွင် မိသားစုက ၎င်းင်းတို့သားကို အနီးနားရွာရှိဆွေမျိုးအိမ်ပို့လိုက်သည် ။ သို့ သော် မြွေကထို အိမ်အထိလိုက်ကာ လူငယ်လေးကို ပေါက်ပြန်သ ည်။ ထို့ကြောင့် ကောင်လေးသည် ဆေးရုံတက်ပြီးကုရပြန်သည်။

ထိုလူငယ် လေးသည် သြဂုတ်လ ၂၅ ရက်တွင် ရှစ် ကြိမ်မြောက်အပေါက်ခံခဲ့ရသည်။တစ်လအတွင်း ရှစ်ကြိမ်ဆက်တိုက် မြွေပေါ က်ခံ ရသဖြင့် လူငယ်လေးလည်း ထိတ်လန့် တုန်လှုပ် နေပြီဖြစ် ကြောင်း သိရသည် ။

၎င်းကို ပေါက်သည့်မြွေသည် တစ်ကောင် တည်းဖြစ်ကြောင်း လူ ငယ်လေး မည်သို့ သိသနည်းဆိုသည်ကို သတင်းတွင် ထည့်ဖော်ပြမထားပေ ။ အကြိမ်ကြိမ် မြွေပေါက်ခံရသော်လည်း လူငယ်လေး မသေသည်ကို ကြည့်လျှင် ပေါက်သည့် မြွေသည် အဆိပ် ရှိသည့် မြွေမဟုတ်ဟု ယူဆရသည် ။ source : Pyi Myanmar