Celebrities

လူတိုင်း စီးပွားရေးအခက်အခဲကြုံနေသော်လည်း သရဖူဆောင်းရမယ့် အချိန်တွေလဲရောက်လာမှာပါဆိုပြီး အားပေးခဲ့တဲ့ ဦးဧရာ

Zawgyi

ပရိသတ်တွေကို ရယ်စရာဟာသလေးတွေနဲ့ အချစ်ပိုအောင်လုပ်နိုင်ကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ဦးဧရာကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်နော်။ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်အောင်မြင်စွာနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ဦးဧရာဟာ လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် ပရိသတ်တွေကတော့ အားပေးချစ်ခင်နေဆဲပါပဲ။

ဦးဧရာဟာ လတ်တလော စီးပွားရေးအခြေအနေတွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို ပြောပြပြီး ချစ်ရတဲ့ ပရိသတ်တွေကိုလည်း အားတင်းထားကြဖို့ အားပေးစကားလေး ပြောလာပါတယ်နော်။ “Covid ကာလမှာအကုန်လုံးကတော့ ခံရမှာဘဲ အတင်းငိုပြနေရင်လည်း ဧရာတို့က အတင်းငိုပြနေတယ်ဖြစ်ဦးမယ် ဖြစ်လာတဲ့အချိန်မှာ အားတင်းထားကြပါ”ဆိုပြီး စီးပွားရေးအခက်အခဲတွေကို ပြောပြထားတာပါ။“ဟာသအနေနဲ့ပြောရရင်

လူဖြစ်လာကတည်းကနေမှားနေတာ ဘာလို့ဆို အဖေနဲ့အမေမှားလို့ လူဖြစ်တာလေ။ ခုဖြစ်နေတာတွေက ဘာမှဟုတ်ပါဘူး။ သရဖူဆောင်းရမယ့် အချိန်တွေလည်းရောက်လာဦးမှာပါ”ဆိုပြီး ဟာသလေးတွေနဲ့ အားတင်းထားကြဖို့လည်းပြောထားပါသေးတယ်နော်။ ကဲ ပရိသတ်ကြီးရေ ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် အားပေးစကားလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။ ခရက်ဒစ်

#credit