Celebrities

ဒီနေ့မှာ အသက်(၂၀) ပြည့်သွားတဲ့ ပရိသတ်အချစ်တော် ထက်အဉ္ဇလီ

ထက်အဉ္ဇလီကတော့ မြန်မာအိုင်ဒေါ Season (4) ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထက်အဉ္ဇလီက အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစာနေပြီး ကိုယ်ပိုင်သီချင်းလေးတွေလည်း ထွက်ရှိလာဖို့ရှိနေပါတယ်။

ဒီနေ့ စက်တင်ဘာလ (၁၉)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် ထက်အဉ္ဇလီရဲ့ မွေးနေ့ကျရောက်တဲ့ ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော်လေး ထက်အဉ္ဇလီက အသက် (၂၀)တိတိပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ထက်အဉ္ဇလီကလည်း အသက်(၂၀) ပြည့်မွေးနေ့လက်ဆောင်လေးအနေနဲ့ သူ့ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ပထမဆုံးသီချင်းလေးကို မွေးနေ့လက်ဆောင်အနေနဲ့ တင်ပေးထားခဲ့ပါသေးတယ်။

CeleZone ပရိသတ်ကြီးတွေအတွက် ထက်အဉ္ဇလီရဲ့ မွေးနေ့လက်ဆောင် သီချင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ထက်အဉ္ဇလီရဲ့မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေဆုတောင်းပေးခဲ့ပါဦးနော်။

#credit