Celebrities

မေမေ့ရဲ့ မွေးနေ့လေးအတွက် မေမေအချစ်ပိုအောင် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သံသာညီ

သံသာညီကတော့ MRTV (4)ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သံသာညီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိခင်ဖြစ်သူရဲ့မွေးနေ့ရက်လေးအတွက် အခုလိုပဲ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလာခဲ့ပါတယ်။

“Happy Birthday ပါမေမေ။ မွေးနေ့မှာပျော်ရွှင်ပါစေ သမီးတို့နဲ့အတူတူအသက်ရှည်ပီးအနာမဲ့စွာအကြာကြီးနေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ အိမ်လဲပြန်လာချင်ပါတယ် အိမ်ကိုလဲလွမ်းနေပါပြီ” ဆိုပြီး မေမေကို အလွမ်းသယ်ရင်း မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှအောင် မွေးနေ့ဆုတောင်းပေးထားတဲ့ သမီးလေးရဲ့ မွေးနေ့ဆုတောင်းလေးကြောင့် မေမေက သံသာညီကို အချစ်ပိုနေမှာ အသေအချာပါပဲ။

ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်လေးမှာ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ သမီးလေးနဲ့အတူသက်ဆုံးတိုင်ပျော်ရွှင်ပါစေလို့ CeleZone က မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေလည်း ပရိသတ်တွေရဲ့အချစ်တော် သံသာညီကို မွေးဖွားပေးခဲ့တဲ့ သံသာညီမေမေရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး။

#credit