Celebrities

အရင်ကပရိသတ်တွေကို အားမလိုအားမရဖြစ်အောင်လုပ်ခဲ့မိတဲ့အတွက် ဝမ်းနည်းမျက်ရည်ကျစွာ တောင်းပန်စကားပြောကြားခဲ့တဲ့ရွှေထူး

ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေရဲ့ အားပေးမှုကို အခိုင်အမာနေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ရှိပါတယ်။

ဒါ့အပြင် ရွှေထူးတို့ ဇနီးမောင်နှံဟာဆိုရင်လည်း တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီနေ့လေးကတော့ ရွှေထူးရဲ့ အသက် (၂၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ရာ သူရဲ့မွေးနေ့လေးမှာ Live လွှင့်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူတွေကိုကျေးဇူးတင်ကြောင်းပြောရင်း တစ်ချိန်က ပရိသတ်တွေကို အားမလိုအားမရဖြစ်အောင်လုပ်မိတဲ့ အရာတွေအတွက် ဝမ်းနည်းမျက်ရည်ကျကာ တောင်းပန်စကားပြောကြားခဲ့တာတွေ့ရပါ တယ်။cele zone ပရိသတ်ကြီးအတွက် ရွှေထူးရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးရင်း ရွှေထူးလည်း မွေးနေ့မှာပျော်ရွှင်ပြီး အောင်မြင်မှုတွေ ပိုမိုရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ဇော်ဂျီဖြင့်ဖတ်ရန်)

Yuan – Cele Zone

credit