Celebrities

၂၀၂၀ရဲ့ လက်ကျန်လတွေအတွက် သင့်ရဲ့ ကံကြမ္မာအနေအထား (ရာသီခွင်အလိုက်)

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ တစ်ချို့အတွက် ပျော်ရွှင်ဖွယ်ကောင်းခဲ့မယ်၊ တစ်ချို့အတွက်တော့ ကြမ်းတမ်းခဲ့မယ်။ အခု ၂၀၁၉ ခုနှစ်ဟာ နှစ်တစ်ဝက်ကျိုးနေပြီ ဖြစ်တယ်။ အရာကိစ္စတော်တော်များကိုလည်း သင့်အနေနဲ့ ကျော်ဖြတ်လာရပြီးပြီလို့ ယူဆမိပါတယ်။ အခု ကျန်နေသေးတဲ့ လတွေမှာ ရာသီခွင်တွေအလိုက် ဘာတွေ တွေ့ကြုံရဖို့ရှိနေသလဲ ကြည့်ကြည့်ကြရအောင်…

လွှတ်ချခဲ့ရတာတွေရှိရင် အဲ့ဒါတွေနဲ့ ပတ်သက်ပြီး မခံစားပါနဲ့။ ပြန်ကြည့်ပြီး သင် ဘယ်လောက် ကျော်ဖြတ်ခဲ့ရလည်း ချီးမြှောက်ခံစားပါ။ ဒီကာလမှာ အလုပ်သင့်ဆုံး အလုပ်ဖြစ်တယ်…

ဇူလိုင် – စက်တင်ဘာ

အရာကိစ္စတွေ ပြောင်းလဲမယ်၊ သင်ကိုယ်တိုင်လည်း ခံနိုင်ရှိရှိဖြစ်နေမယ်၊ ဘယ်လောက်ပဲ အချစ်ရေးတွေကို စိတ်မဝင်စားတော့ဘူးပြောနေ ပြောနေ၊ ထိုက်တန်တဲ့ သူတစ်ယောက်က ရောက်လာပြီး သင့်ဆီမှာ အခစားဝင်လိမ့်မယ်…

အောက်တိုဘာ – ဒီဇင်ဘာ

အချစ်စစ်ဆိုတာ ဘာလဲ နားလည်သဘောပေါက်လာလိမ့်မယ်။ နောက်ဆုံး နှစ်ကုန်ပိုင်းလတွေမှာ ကိုယ့်ကိုကိုယ် အရမ်းပျော်နေတာကို ခံစားရလိမ့်မယ်…

ခံစားမှုတွေ ဗလာကျင်းနေတယ်၊ ဒါပေမယ့် အဆင်ပြေနေပါတယ်။ နည်းနည်းလေး အနေအထိုင်ပျက်တယ် ဒါပေမယ့် ဒါဟာ တစ်စုံတစ်ရာ ပြောင်းလဲဖို့ လိုအပ်နေကြောင်း ဖော်ပြနေတယ်လို့ ယူဆနိုင်ပါတယ်…

ဇူလိုင် – စက်တင်ဘာ

သင့်အနေနဲ့ ပြောင်းလဲဖို့ လုပ်ရမယ်၊ သင်အနေနဲ့ လူတွေကို ဆုံးရှုံးရမှာ ကြောက်တယ်၊ ဒါပေမယ့်လည်း ကိစ္စမရှိဘူး။ သင့်နဲ့ သင့်တော်တဲ့ သူကတော့ သင့်နဲ့ ရှိနေမှာပဲ…

အောက်တိုဘာ – ဒီဇင်ဘာ

နှစ်ကုန်ပိုင်းမှာတော့ ထုံးစံအတိုင်း နေဖို့လုပ်လာမယ်၊ တစ်စုံတစ်ရာ လုပ်ငန်းအသစ်ကို ဆောင်ရွက်ဖို့ ပြင်ဆင်ရဖို့ှရှိတယ် လက်ရှိမှာ တစ်ချို့သော လှည့်ဖြားတတ်တဲ့ လူတွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးထားနေသင့်တယ်…

ဇူလိုင် – စက်တင်ဘာ

ဒီ အခိုက်အတန့်ကတော့ သင့်အတွက်ချည်းပဲဖြစ်တယ်။ သင် ဘယ်လောက်တောင် ပြောင်းလဲခဲ့လည်း ကြည့်ရမယ့် ကာလဖြစ်တယ်။ ရပ်တန့်မနေဘဲ… ရှေ့ဆက်သွားပါ၊ မြှင့်တင်ပါ.. အောင်မြင်မှုတွေများစွာ ရဖို့ကျန်နေသေးတယ်…

အောက်တိုဘာ – ဒီဇင်ဘာ

သင်ဘယ်လောက် အဟုန်နဲ့ လှမ်းလာခဲ့ရသလဲ သဘောပေါက် ဆင်ခြင်ရမယ့် ကာလဖြစ်တယ်။ တစ်စုံတစ်ယောက်ကို ချန်ထားခဲ့ရမယ်။ အဲ့ဒီလူကို ချစ်တယ်၊ ဂရုစိုက်တယ်၊ ဒါပေမယ့်လည်း လွဲချော်ရမယ်။ ပြီးရင် နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှိနေမယ် သင့်ရဲ့ အသက်မွေးလုပ်ငန်းမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိမယ်…

ဇူလိုင် – စက်တင်ဘာ

သင့်ရဲ့ ပတ်သက်ဆက်နွှယ်မှုဟာ လက်ရှိမှာတော့ အခြေအနေကောင်းတယ်လို့ ထင်ရပါတယ်…

အောက်တိုဘာ – ဒီဇင်ဘာ

သင် ထိန်းချုပ်လို့မရတဲ့ တစ်စုံတစ်ရာက ရောက်လာဖို့ရှိတယ်၊ တော်တော်လေး လှုပ်ခတ်မှုရှိတယ်၊ စိတ်မပူပါနဲ့ သင့်ကို တန်ဖိုးထားတဲသူက သင့်နဲ့ အတူရှိနေမှာဖြစ်ပြီး အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်…

လက်ရှိအချိန်မှာတော့ ကံကောင်းမှုဟာ တစ်ချို့သော ပြောင်းလဲမှုတွေနဲ့အတူ ကပ်ပါလာမယ်။ တစ်စုံတစ်ခုကို သင့်ရဲ့ ဦးစားပေးနေရာမှာ ဝင်ရောက်လာမယ်၊ အဲ့ဒါကပဲ နှစ်ကုန်ပိုင်းတွေကို ပုံဖော်ပေးမှာဖြစ်တယ်…

ဇူလိုင် – စက်တင်ဘာ

ရည်းစားဟောင်း ပြန်ပေါ်လာဖို့ရှိတယ်၊ ၎င်းတို့နဲ့ ရှေ့ဆက်မလား သူတို့လိုပဲ ချန်ထားခဲ့မလား ကိုယ့်ဟာကိုယ်ပဲ ရွေးချယ်ရမယ်။ စာတိုလေးတစ်ခု၊ စကားလေးတစ်ခွန်မှာ သင် သူတို့အပေါ် ဂရုစိုက်နေတုန်းပဲဆိုတာကို သဘောပေါက် နားလည်လာဖို့ရှိတယ်…

အောက်တိုဘာ – ဒီဇင်ဘာ

ခက်ခဲတဲ့ နှစ်တစ်နှစ်ကို ကျော်ဖြတ်ရသလို ရှိနေမယ်။ အဲ့ဒီ့အကြောင်းနဲ့ ပတ်သက်ပြီး တစိမ့်စိမ့် ချင့်ချိန်မိမယ်။ စဉ်းစားနေတာတွေကို ရပ်လိုက်ပါ။ အနားယူပါ… ခရီးထွက်မယ်ဆို တော်တော်လေး ကောင်းမွန်ပါတယ်…

သင့်အတွက် ထူးခြားတဲ့ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့ရဖို့ရှိတယ်၊ ဒါပေမယ့် သင့်ကြောင့်ပဲ အဝေးရောက်သွားလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလူကလည်း လွယ်လွယ်နဲပ အလျှော့ပေးမှာတော့ မဟုတ်ဘူး…

ဇူလိုင် – စက်တင်ဘာ

သင်က relationship ထဲမှာ မရှိချင်တော့ဘူး။ ဒါပေမယ့်လည်း အဲ့ဒီ့အတွက်ပဲ ပြိုလဲနေရတယ်။ အဝေးမှာနေချင်ပေမယ့် သင့်လိုအပ်ချက်ကို သိတဲ့သူက လက်မလျှော့တာတွေကို တွေ့ကြုံရမယ်…

အောက်တိုဘာ – ဒီဇင်ဘာ

နောက်ဆုံးလတွေမှာတော့ သင်တစ်ခါ ပြန်လည်း ချစ်ပွဲဝင်မယ်။ ဒါကို သင်ကတော့ စတင်ပြောမှာမဟုတ်ဘူး။ လူသိရှင်ကြားဖြစ်လာမယ်၊ ခရစ်စမတ်ကာလမှာ အတူတကွ ပျော်ရွှင်စွာဖြတ်သန်းရမယ်။ နောက်ထပ် နာကျင်စရာတွေ မရှိနေတော့ဘူး…

အသစ်လူ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့ရဖို့ရှိနေတယ်။ ပျော်ရွှင်မှုတွေကို ခံစားရယ်။ အတိတ်တွေရဲ့ ချုပ်နှောင်မှုတွေဆီကနေ ရုန်းထွက်ပါ…

ဇူလိုင် – စက်တင်ဘာ

အဓိက အောင်မြင်မှုကို စူးစိုက်ထားပြီး ပြင်ဆင်နေရတုန်းရှိနေမယ့် ကာလဖြစ်တယ်။ နောက်တစ်လှမ်းပြန်ဆုတ်ပါ၊ သင် ကျော်ဖြတ်လာခဲ့တဲ့ ပြောင်းလဲမှု အသေးအဖွဲလေးတွေက အစ ခံစားပါ။ ယင်းတို့ဟာလည်း ထူးခြားပြီး အသိအမှတ်ပြုရမယ့် အရာတွေဖြစ်တယ်…

အောက်တိုဘာ – ဒီဇင်ဘာ

Relationship အသစ်က တကယ်ကို လေးလေးနက်နက် ဖြစ်လာမယ်။ ခရစ်စမတ်ကာလမှ စပရိုက်တွေခံစားရမယ်။ သင်ရဲ့ ဒဏ်ရာတွေကို ကုစားခြင်းရှိမယ်။ တစ်ကိုယ်တည်း အကြာကြီး အဖော်မဲ့မနေပါဘူး…

သင် နေချင်တဲ့နေရာကို သင်ရောက်မယ်။ လုံးဝ ကျေနပ်ဖွယ်အတိဖြစ်နေမယ့် အနေအထားပါ။ သင် ပင်ပန်းခဲ့ရတယ်။ သင့်အနေနဲ့ ကောင်းကောင်း အနားယူရဖို့ရှိတယ်။ ဒါပေမယ့် တခြားသော အခက်အခဲလည်း ရှိနေတယ်။ ဘာမှ မဖြစ်ဘူး ဆက်သွားပါ…

ဇူလိုင် – စက်တင်ဘာ

ချစ်ခြင်း မေတ္တာတွေ သင့်ဆီကို ရောက်လာမယ်။ သင့်ရဲ့ ခံစားမှုတွေလည်း တစ်ဖန် အသက်ဝင်လာမယ်။ အဲ့ဒီ့နောက် အချစ်တွေဆီကနေ ရှောင်ဖယ်ချင်ပြန်လာမယ်…

အောက်တိုဘာ – ဒီဇင်ဘာ

ဘဝဟာ သင် စိတ်ကူးထားတဲ့ အတိုင်ပဲ ဖြစ်လာခဲ့တယ်… ဒါပေမယ့် နောက်ဆုံးဟာ စမ်းသပ်မှုတွေ ဖြစ်လာခဲ့မယ်။ သင့် အနေနဲ့ ထိန်းချုပ်လို့မရတဲ့ တစ်စုံတစ်ရာက ဝင်ရောက်လာဖို့ရှိတယ်။ မတားဆီးပါနဲ့.. ယုံကြည်မှုရှိရှိနဲ့ လက်ခံလိုက်ပါ… အရာအားလုံးဟာ အဆင်ပြေဖို့ပါပဲ…

Relationship မှာ လမ်းဆုံးတစ်ခုကို ရောက်ရှိနေတယ်။ ဘယ်ကို ဆက်သွားမလဲ… အဖြေဆိုတာအတွက် ကိုယ့်နှလုံးသားကို ကိုယ်မေးပါ…

ဇူလိုင် – စက်တင်ဘာ

သင့်အနေနဲ့ ခရီးတွေ ဘာတွေ ထွက်သင့်တဲ့ ကာလတစ်ခုဖြစ်တယ်။ သင့်အနေနဲ့ တုန်လှုပ်ခြင်းတဲ့ အရာကို လုပ်ဆောင်ဖို့လည်း မဝံ့မရဲဖြစ်မနေပါနဲ့။ ၂၀၁၉ က သင့်ကို ပညာတွေ တစ်ပုံကြီး ပေးမယ့် နှစ်ဖြစ်တယ်…

အောက်တိုဘာ – ဒီဇင်ဘာ

ဒီနှစ်ရဲ့ အကျိုးကျေးဇူးတွေကို နှစ်ကုန်ပိုင်းမှာမှ ခံစားရမယ်။ သင် ဘယ်တော့မှ ရောက်ဖြစ်မယ် မထင်တဲ့နေရာတွေကိုလည်း ရောက်ရှိမယ်။ သင့်နဲ့ ထိုက်သင့်တဲ့ နေရာတစ်ခုမှာ ပျော်ရွှင်မှုတွေကို တစ်ဝကြီးခံစားရဖို့ရှိတယ်…

လက်ရှိမှာတော့ တစ်စုံတစ်ယောက်က ဘဝထဲကို ဝင်ရောက်လာဖို့ရှိနေတယ်။ သူငယ်ချင်းသစ်၊ အချစ်သစ်၊ မိသားစုဝင်သစ် စသဖြင့် ဖြစ်နိုင်တယ်။ သင့်အနေနဲ့လည်း တန်ဖိုးထားပြီး ဦးစားပေးခြင်းရှိမယ့် သူမျိူးဖြစ်တယ်…

ဇူလိုင် – စက်တင်ဘာ

သင့်အနေနဲ့ စွန့်စားရမယ့် ခရီးတစ်ခုကို ထွက်လိုတယ်၊ သွားပါ.. မကြောက်ပါနဲ့။ စွန့်စားမှုကနေ အကျိူးအမြတ်တစ်ချို့ ရရှိလာတာကို တွေ့ကြုံခံစားရမယ်…

အောက်တိုဘာ – ဒီဇင်ဘာ

တကယ်ကို ထူးခြားကောင်းမွန်တဲ့ နှစ်ကုန် အဆုံးသတ်ကာလဖြစ်တယ်။ ကျေနပ်မှုတွေ တဝကြီးခံစားရပြီး နှစ်ကို ကုန်ဆုံးရမှာဖြစ်တယ်…

Relationship အတည်တစ်ခုအတွက် ဆုံးဖြတ်ချက်တွေချရမယ့် ကာလဖြစ်တယ်။ ဘာလုပ်ရမလဲ တစ်စိမ့်စိမ့်တွေးနေရတယ်…

ဇူလိုင် – စက်တင်ဘာ

အတိတ်တွေကို ခေါက်ထားပါ။ သင့်မနေနဲ့ အနာဂတ်မှာ ဘယ်သူနဲ့ လေးလေးနက်နက် ရှိနေနိုင်မလဲ မြင်ယောင်ကြည့်ပါ။ သင့်ကို ဒီလောက်အနေအထားထိရောက်အောင် အကူအညီပေးလာခဲ့တဲ့ သူတွေကိုလည်း မမေ့ပါနဲ့၊ အတိတ်တွေကို ပြန်မလိုချင်တဲ့တိုင် ၎င်းတို့ကို သင့်အနေနဲ့ လိုအပ်ပါတယ်…

အောက်တိုဘာ – ဒီဇင်ဘာ

ဒီလပိုင်းတွေမှာတော့ နည်းနည်း စိတ်ခံစားမှုတွေ ယိမ်းထိုးနေမယ်။ ခံစားချက်တွေနဲ့ ပိတ်လှောင်နေပြီး ခုခံနိုင်စွမ်းမရှိသလိုဖြစ်နေမယ်။ ဒါဟာ စမ်းသပ်မှုတစ်ခုပါပဲ… သင် ကျော်ဖြတ်နိုင်မှာပါ…

အခု ဇွန်လထဲမှာ ရှေ့ဆက်ရမယ့် ကိစ္စတွေအတွက် အစီအစဉ်တွေဆွဲရမယ်။ မဖြစ်မှာ၊ မရမှာကို ကြောက်နေတာမျိုးက အမြဲဖြစ်နေတတ်တယ်။ ဒီလို အကြောက်တရားကို မောင်းထုတ်နိုင်အောင် ကြိုးစားပြီး ပန်းတိုင်တွေဆီ လျှောက်လှမ်းရပါမယ်…

ဇူလိုင် – စက်တင်ဘာ

သင် အနေနဲ့ အကြောက်တရားတွေကို လွန်မြောက်လာပြီး ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်မယ်။ အလုပ်၊ အသက်မွေးလုပ်ငန်း (သို့) relationship အသစ်တစ်ခု စတဲ့ ကဏ္ဍတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တယ်။ အဲ့ဒါကို သင် အောင်မြင်မယ်။ သင် လိုချင်တာကို သင်ရနေမယ့် အချိန်ကာလဖြစ်တယ်…

အောက်တိုဘာ – ဒီဇင်ဘာ

နှစ်ကုန်ပိုင်းမှာတော့ သင်ဟာ အသားတကျရှိနေပြီး အောင်မြင်မှုတွေကို ပွေ့ပိုက်ခံစားရဖို့ရှိနေတယ်…credit