Celebrities

တစ်ယောက်တည်းရှိတဲ့အချိန်မှာဖြစ်သလိုစားနေပေမယ့် ချစ်သူလေးလာတဲ့အချိန်မှာတော့ ဖွယ်ဖွယ်ရာရာလေးပြင်ဆင်ထားတဲ့ နိုင်းဝမ်း

ချစ်သူလေးကိုသိပ်ချစ်ပြီး ဂရုစိုက်လွန်းတဲ့နိုင်းဝမ်းတစ်ယောက် အိမ်မှာတစ်ယောက်တည်း နေတဲ့အချိန်တွေမှာတော့ ကြက်ဥကြော်နဲ့ နှစ်ပါးသွားခဲ့ပြီး ချစ်သူလေးလာမယ့်အချိန်မှာတော့ ဟော့ပေါ့မှာထားပြီး ချစ်သူလေးအတွက် အရသာရှိတာတွေပြင်ဆင်ထားခဲ့ပါတယ်။ သူချစ်တဲ့အကြောင်းကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်မှာရေးသားခဲ့လို့ အားလုံးကတောင် ဝိုင်းနောက်နေကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်း ချစ်သူလေးအိမ်မှာသွားမြန်းခဲ့ပြီးနောက် ချစ်သူလေးရဲ့ မွေးနေ့မှာလည်း စိန်တစ်ဆင်စာလက်ဆောင် ပေးခဲ့ပါသေးတယ်။ ချစ်ခြင်းမေတ္တာဟာ ငွေကြေးနဲ့တိုင်းတာလို့မရပေမယ့် ချစ်သူကိုတန်ဖိုးထားတယ်ဆိုတဲ့သဘောလေးနဲ့ ပေးခဲ့တာပဲဖြစ်ပါတယ်။ မကြာခင်မှာလည်းနှစ်ယောက်တစ်ဘဝ ထူထောင်တော့မှာပါ။နှစ်ယောက်သားရဲ့ အစားတလိုင်းပုံလေးကို ” ချစ်သူမလာတဲ့နေ့ဆို ကြက်ဥ ချစ်သူလာတဲ့နေ့ဆို ဟော့ပေါ့ အဲ့လိုချစ်တာ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်သူလေးကို တန်ဖိုးထားပြီးသိပ်ချစ်လွန်းတာကြောင့် ခင်မင်သူတွေကလည်း အမြဲတမ်းစနောက်တတ်ပါတယ်။ လိုက်ဖက်လွန်းတဲ့ စုံတွဲလေးမို့ အမြန်ဆုံးရွှေလက်တွဲပြီး သားသမီးတွေနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ရပါစေ။
(ဇော်ဂျီဖြင့်ဖတ်ရန်)

တစ်ယောက်တည်းရှိတဲ့အချိန်မှာဖြစ်သလိုစားနေပေမယ့် ချစ်သူလေးလာတဲ့အချိန်မှာတော့ ဖွယ်ဖွယ်ရာရာလေးပြင်ဆင်ထားတဲ့ နိုင်းဝမ်း

ချစ်သူလေးကိုသိပ်ချစ်ပြီး ဂရုစိုက်လွန်းတဲ့နိုင်းဝမ်းတစ်ယောက် အိမ်မှာတစ်ယောက်တည်း နေတဲ့အချိန်တွေမှာတော့ ကြက်ဥေ ကြာ်နဲ့နှစ်ပါးသွားခဲ့ပြီး ချစ်သူလေးလာမယ့်အချိန်မှာတော့ ဟော့ပေါ့မှာထားပြီး ချစ်သူလေးအတွက် အရသာရှိတာတွေပြင် ဆင်ထားခဲ့ပါတယ်။ သူချစ်တဲ့အကြောင်းကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်မှာရေးသားခဲ့လို့ အားလုံးကတောင် ဝိုင်းနောက်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်း ချစ်သူလေးအိမ်မှာသွားမြန်းခဲ့ပြီးနောက် ချစ်သူလေးရဲ့ မွေးနေ့မှာလည်း စိန်တစ်ဆင် စာလက်ဆောင်ပေးခဲ့ပါသေးတယ်။ ချစ်ခြင်းမေတ္တာဟာ ငွေကြေးနဲ့တိုင်းတာလို့မရပေမယ့် ချစ်သူကိုတန်ဖိုးထားတယ် ဆိုတဲ့သဘောလေးနဲ့ ပေးခဲ့တာပဲဖြစ်ပါတယ်။ မကြာခင်မှာလည်းနှစ်ယောက်တစ်ဘဝ ထူထောင်တော့မှာပါ။

နှစ်ယောက်သားရဲ့ အစားတလိုင်းပုံလေးကို ” ချစ်သူမလာတဲ့နေ့ဆို ကြက်ဥ ချစ်သူလာတဲ့နေ့ဆို ဟော့ပေါ့ အဲ့လိုချစ်တာ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ချစ်သူလေးကို တန်ဖိုးထားပြီးသိပ်ချစ်လွန်းတာကြောင့် ခင်မင်သူတွေကလည်း အမြဲတမ်းစနောက်တတ်ပါ တယ်။ လိုက်ဖက်လွန်းတဲ့ စုံတွဲလေးမို့ အမြန်ဆုံးရွှေလက်တွဲပြီး သားသမီးတွေနဲ့ သက်ဆုံးတိုင်ပျော်ရွှင်ရပါစေ။credit